A d v e r t i s e m e n t With Us

ရန်ကုန်-ထိန်တော ပြေးဆွဲသည့် KKP ခရီးသည်တင်ယာဉ်တိမ်းမှောက် ၁၆ ဦးဒဏ်ရာရ

  ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အင်းဘုတ်ကုန်းရွာအနီး မင်းလှ-မိုးညိုလမ်းပိုင်းမှာ ရန်ကုန်ကနေ ထိန်တောကိုပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တစ်စီး ဒီကနေ့မနက်က  အရှိန်မထိန်းနိုင်ပဲ ထိုးကျတိမ်းမှောက်ခဲ့လို့  ခရီးသည် ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရလူနာတွေကို မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ ပို့ဆောင်ကု သပေးထားပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ယာဉ်မောင်းမိုးကျော်ကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့  

A d v e r t i s e m e n t With Us

More News
Up