ဘာသာရေးစော်ကားပြောဆိုမှုဖြင့် ဂျကာတာအုပ်ချုပ်ရေးမှူးကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ - ရိုက်တာ
452
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရဲ့ အုပ်ချုပ်ရေးမှူးကို ဘာသာရေး စော်ကားပြောဆိုမှုနဲ့ တရားရုံးက ထောင်ချခဲ့ပါတယ်။
အစ္စလာမ်ဘာသာကို စော်ကားပြောဆိုမှုနဲ့ ခရစ်ယာန်ဘာသာဝင် ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူးကို အပြစ်ရှိကြောင်း တွေ့ရလို့ တရားရုံးက မေ ၉ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်စီရင်ခဲ့တာပါ။
ကမ္ဘာ့ မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံ အင်ဒိုနီးရှားမှာ ဘာသာရေးသည်းခံမှုကို စမ်းသပ်မှုအဖြစ် ဒီအမှုကို ရှုမြင်ကြပါတယ်။
အာဟုတ်လို့ သိကြတဲ့ ဘာစုခိ ဂျာဟာဂျာ ပါနာမာကို ဂျကာတာ တောင်ပိုင်းတရားရုံးက ပြစ်ဒဏ်စီရင်တာဖြစ်ပြီး စီရင်ချက်ကို အယူခံဝင်မယ်လို့ ပါနာမာက ပြောပါတယ်။
ဒီပြစ်ဒဏ်ဟာ ခန့်မှန်းထားတာထက် ပိုပြင်းထန်ပြီး သူ့ကို ထောက်ခံသူတွေ အများအပြား ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။
အစိုးရရှေ့နေတွေက ဒီအမှုကို အမုန်းစကားစွဲချက်နဲ့ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ပေးဖို့ ဆော်သြခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာရေး စော်ကားပြောဆိုမှုအတွက် ထောင်ဒဏ် ၅ နှစ်နဲ့ အမုန်းစကား ပြောမှုအတွက် ထောင်ဒဏ် ၄ နှစ်ထိ အမြင့်ဆုံး ပြစ်ဒဏ်ပေးနိုင်ပါတယ်။
တရားရုံးအပြင်မှာ စုရုံးရောက်ရှိနေတဲ့ အမာခံ အစ္စလာမ္မစ်အုပ်စုတွေနဲ့ သူတို့ရဲ့ ထောက်ခံသူတွေက ပါနာမာကို ဖြစ်နိုင်သမျှ အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ ဆော်သြခဲ့ကြပါတယ်။
သူတို့ကတော့ ပါနာမာဟာ အစ္စလာမ်ဘာသာရဲ့ မြင့်မြတ်တဲ့ ကိုရမ်ကျမ်းစာကို စော်ကားခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။