DVB Logo
Home
မြန်မာသတင်း
ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို
DVB
·
January 30, 2012
ပညာ​ရေး​ဘတ်ဂျက်ကို အဆများ​စွာ တိုး​ပေး​ရန် လိုအပ်ဟုဆို
Donate to DVB

လွှတ်​တော်မှာ ဘတ်ဂျက်ခွဲ​ဝေ​ရေး​ ​ဆွေး​နွေး​တဲ့​အခါ ပညာ​ရေး​အတွက် ဘတ်ဂျက်ကို လက်ရှိ ခွဲ​ဝေ​နေတာထက် အဆများ​စွာ တိုး​တက်ဖို့​ လိုတယ်လို့​ ပညာ​ရေး​ ​လောကသား​တွေက ​ပြောပါတယ်။

လက်ရှိ ပညာ​ရေး​ဘတ်ဂျက်ထက် အဆ၂ဝ​လောက်ရ​အောင် ​ဆွေး​နွေး​ကြဖို့​ မြန်မာနိုင်ငံ အထက်မြန်မာပြည် ပညာ​ရေး​ဌာန ညွှန်ကြား​ရေး​မှူး​ (အငြိမ်း​စား​) နိုင်​ငွေသိန်း​က တိုက်တွန်း​ခဲ့​ပါတယ်။

အခုကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ ၂၀၁၁-၂၀၁၂ ​နောက်ထပ် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​နဲ့​ ၂၀၁၂-၂၀၁၃ ပြည်​ထောင်စု ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေကြမ်း​တွေကို ​ဆွေး​နွေး​ဖို့​ ပြင်ဆင်​နေတာ​ကြောင့်​ တိုက်တွန်း​ လိုက်တာလည်း​ ဖြစ်ပါတယ်။

လက်ရှိမှာ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီရဲ့​ ဥက္ကဋ္ဌ တာဝန်ကို ယူ​နေတဲ့​ နိုင်​ငွေသိန်း​က “အရင်က ​ပေး​ထား​တဲ့​ အဆထက်ကို အဆ ၂၀ ​လောက် ​ပေး​ဖို့​ကောင်း​တယ်လို့​ ​ပြောချင်တယ်။ နည်း​တောင်နည်း​သေး​လား​ မသိဘူး​။ အပစ်အခတ် ရပ်စဲ​ရေး​လည်း​ ပြီး​သွား​ပြီ။ ဟိုဘက် ကာကွယ်​ရေး​အသုံး​စရိတ် က တအား​ကို ​လျှော့​နိုင်သ​လောက် ​လျှော့​ပြီး​တော့​ ဒီဘက်မှာ​တော့​ တိုး​ပေး​ဖို့​ ​ကောင်း​မယ်လို့​ သ​ဘောရတယ်​လေ” လို့​ဆိုပါတယ်။

လက်ရှိအစိုး​ရဟာ အစိုး​ရမဖွဲ့​ခင်က​လေး​တင် ရက်ပိုင်း​အလိုမှာ နအဖ စစ်​ကောင်စီက ပြဋ္ဌာန်း​ခဲ့​တဲ့​ ဘတ်ဂျက် အသုံး​စရိတ်အတိုင်း​ သုံး​စွဲခဲ့​ရတာ ဖြစ်ပါတယ်။

အဲဒီအသုံး​စရိတ်ကို ပြန်တမ်း​ ထုတ်ပြန်ချက်အရ ကာကွယ်​ရေး​အသုံး​စရိတ်က ဘတ်ဂျက်အကုန်လုံး​ရဲ့​ ၂၃ ဒဿမ ၆ ရာခိုင်နှုန်း​နဲ့​ အ​မေရိကန်​ဒေါ်လာသန်း​ ၂,၀၀၀ လျာထား​သုံး​နေပါတယ်။

ပညာ​ရေး​အတွက် ၄ ဒဿမ ၁၃ ရာခိုင်နှုန်း​ (​ဒေါ်လာသန်း​ ၃၅၀) ခန့်​နဲ့​ ကျန်း​မာ​ရေး​အတွက် ၁ ဒဿမ ၃ ရာခိုင်နှုန်း​ (​ဒေါ်လာ သန်း​ ၁၁၀) သုံး​ဖို့​ သတ်မှတ်ခဲ့​တာပါ။

ရန်ကုန်မြို့​မှာ အခမဲ့​စာသင်ကြား​တဲ့​ ​ဗေဒါအင်စတိကျူ့​ ထူ​ထောင်သူ တဦး​ဖြစ်တဲ့​ ကိုမျိုး​ရန်​နောင်သိန်း​ကလည်း​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် လူသား​အရင်း​အမြစ် ဖွံ့​ဖြိုး​တိုး​တက်ရမယ်။ အဲ့​လို ဖြစ်ဖို့​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​မှာ ​ငွေ​ကြေး​ပိုမို သုံး​စွဲရမယ်လို့​ လက်ရှိကာလနဲ့​ ချိန်ထိုး​ပြောပါတယ်။

“ဘယ်တိုး​တက်တဲ့​ နိုင်ငံမဆို ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍ​တွေမှာ ဘတ်ဂျက်အများ​ဆုံး​ သုံး​စွဲကြပါတယ်။ မြန်မာနိုင်ငံမှာလည်း​ပဲ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​ကဏ္ဍမှာ အခုလိုအချိန်မှာ ဘတ်ဂျက်ကို ပိုသုံး​စွဲဖို့​ လိုပါမယ်။ ဘာ​ကြောင့်​လဲဆို​တော့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ အတွင်း​မှာ ပြည်တွင်း​စစ်မီး​တွေရယ် အမျိုး​သား​ရင်ကြား​စေ့​ရေး​ မရှိတာ​တွေရယ်၊​ အဲဒီကိစ္စ​ပေါင်း​စုံနဲ့​ ကာကွယ်​ရေး​ အသုံး​စရိတ်​တွေ အများ​ကြီး​မြှင့်​တင်ခဲ့​ရ​တော့​ ပညာ​ရေး​နဲ့​ ကျန်း​မာ​ရေး​မှာ အရမ်း​နိမ့်​ပါး​ခဲ့​ရတယ်။ အထူး​သဖြင့်​ ပညာ​ရေး​ပေါ့​။ အဲဒီမှာ ​ငွေ​ကြေး​ရင်း​နှီး​မြှုပ်နှံဖို့​လိုပါတယ်။”

ဘတ်ဂျက်ဆိုတဲ့​ ​နေရာမှာလည်း​ တနှစ်တာ တိုင်း​ပြည်ဝင်​ငွေ ဘယ်​လောက်ရလဲ ဆိုတဲ့​ ဝင်​ငွေခွန်​ပေါ် မူတည်တယ်လို့​ ​ပြောဆိုပြီး​ လက်ရှိကာလမှာ စစ်အစိုး​ရ လက်ထက်က​နေ ရှိ​နေတဲ့​ လက်​ဝေခံ အ​ပေါင်း​အပါ​တွေရဲ့​ စီး​ပွား​ရေး​ လုပ်ငန်း​တွေက အခွန်​ငွေ​တွေဟာ ဘတ်ဂျက်ထက်ကို မဝင်တာ​တွေရှိလို့​ ဝင်​အောင် ကြိုး​ပမ်း​ဖို့​ လိုတယ်လို့​ ​ထောက်ပြ ​ပြောဆိုသွား​ပါတယ်။

“ဆိုပါ​တော့​ တနှစ်ကို တ​ထောင်ဝင်တယ်ဆိုရင် တကယ်တန်း​ ဘတ်ဂျက်ထဲ က မြန်မာနိုင်ငံရဲ့​ ဝင်​ငွေထဲဝင်လာတာ တရာပဲရှိတယ်။ ကျန်တဲ့​ ကိုး​ရာက ​ပျောက်သွား​တယ်။ တဦး​ချင်း​တ​ယောက်ချင်း​နဲ့​ ​ပျောက်သွား​ပြီ။ မြန်မာပြည်ရဲ့​ ရသင့်​ရထိုက်တဲ့​ ​ငွေခွန်​တွေကို ရဖို့​လိုတယ်။ အဲဒီအတွက်ကို ​ပေါ်လစီချမှတ်ဖို့​ လိုတယ်။ နိုင်ငံတနိုင်ငံရဲ့​ ဝင်​ငွေသည် အရမ်း​ အ​ရေး​ကြီး​ပါတယ်။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013