DVB Logo
Home
မြန်မာသတင်း
မြန်မာ့​စီး​ပွား​ရေး​ ​ခေတ်မီရန် စင်ကာပူက ကူညီမည်
DVB
·
January 30, 2012
မြန်မာ့​စီး​ပွား​ရေး​ ​ခေတ်မီရန် စင်ကာပူက ကူညီမည်
Donate to DVB

မြန်မာ့​စီး​ပွား​ရေး​ကို ​ခေတ်မီ​အောင်လုပ်​ရေး​ စင်ကာပူက အကူအညီ​ပေး​ဖို့​ စင်ကာပူကို ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ စင်ကာပူဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ သ​ဘောတူခဲ့​ကြပါတယ်။

[caption id="attachment_20573" align="alignright" width="300" caption="ဦးသိန်းစိန် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

စင်ကာပူနိုင်ငံကို မ​နေ့​က ​ရောက်​နေတဲ့​ မြန်မာသမ္မတ ဦး​သိန်း​နဲ့​ စင်ကာပူ ဝန်ကြီး​ချုပ် လီရှန်လွန်း​တို့​ ဒီက​နေ့​ သ​ဘောတူတဲ့​အထဲမှာ စင်ကာပူက မြန်မာပြည်ကို တရား​ရေး​စနစ်၊​ ဘဏ်စနစ်နှင့်​၊​ ဘဏ္ဍာ​ရေး​ကဏ္ဍမှာ သင်တန်း​တွေ ​ပေး​ဖို့​၊​ စင်ကာပူရဲ့​ အ​ကောင်း​ဆုံး​ ကုန်သွယ်​ရေး​စနစ်၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ မြို့​ပြစီမံကိန်း​ကို မျှ​ဝေ​ပေး​ဖို့​ အစီအစဉ်​တွေ ပါဝင်ပါတယ်။

စင်ကာပူဟာ ​ဒေသတွင်း​မှာ ဘဏ္ဍာ​ရေး​လုပ်ငန်း​တွေရဲ့​ ဗဟိုချက်နဲ့​ နိုင်ငံတကာစီး​ပွား​ရေး​ ကုမ္ပဏီ​တွေ အကြိုက်​တွေ့​နိုင်တဲ့​ စီး​ပွား​ရေး​ ​ရေခံ​မြေခံ​တွေရှိပြီး​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တဲ့​အတွက် အိမ်နီး​ချင်း​နိုင်ငံ​တွေအတွက် နမူနာ ယူစရာ ဖြစ်​နေပါတယ်။

မကြာ​သေး​ခင်ကပဲ မြန်မာသမ္မတ ဦး​သိန်း​စိန်ကလည်း​ ရန်ကုန်မြို့​ကို စင်ကာပူ ပုံစံမျိုး​ဖြစ်​အောင် လုပ်ဖို့​ ညွှန်ကြား​ခဲ့​တဲ့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပါတယ်။

စင်ကာပူမှာ အ​ခြေစိုက် အ​ရှေ့​တောင်အာရှ ​လေ့​လာ​ရေး​ဌာနက ​ဒေါက်တာ အက်ကာပွန် Aekapol Chongvilaivan က မြန်မာပြည်က စင်ကာပူ စီး​ပွား​ရေး​ပုံစံကို ပုံတူကူး​ချဖို့​ မဖြစ်နိုင်ဘူး​လို့​ အခုလို ​ပြောပါတယ်။

“စင်ကာပူရဲ့​ စီး​ပွား​ရေး​အောင်မြင်မှုကို အ​ရှေ့​တောင်အာရှ နိုင်ငံ​တွေအတွက် စံနမူနာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မြန်မာနဲ့​ စင်ကာပူက အ​ခြေအ​နေချင်း​က မတူပါဘူး​။ မြန်မာပြည်မှာ ကျယ်ပြန့်​တဲ့​ ပြည်တွင်း​ဈေး​ကွက်ရှိတယ်။ စင်ကာပူမှာ ပြည်တွင်း​ဈေး​ကွက်က ​သေး​ငယ်ပါတယ်။ ဒါ​ပေမယ့်​ စင်ကာပူမှာ အလွန်ပွင့်​လင်း​တဲ့​ ​ဈေး​ကွက် စီး​ပွား​ရေး​စနစ် ရှိပါတယ်။ ကုန်သွယ်​ရေး​နဲ့​ ရင်း​နှီး​မြှုပ်နှံမှုမှာ ဖွင့်​ထား​တဲ့​ ပုံစံရှိပါတယ်။ ဒါ​ကြောင့်​ မြန်မာပြည်မှာ အရင်ဆုံး​ လုပ်ရမှာက​တော့​ ဒါ​တွေကို ဖွင့်​ပေး​ဖို့​ လိုပါတယ်။”

ပြီး​ခဲ့​တဲ့​ အပတ်က နိုင်ငံတကာ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ရဲ့​ အစီရင်ခံစာမှာ မြန်မာပြည်ဟာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ဖို့​ အလား​အလာ​တွေ ရှိ​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။ အခုနှစ် ဘဏ္ဍာ​ရေး​နှစ်မှာ စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှု ၅ ဒဿမ ၅ တိုး​တက်ခဲ့​ပြီး​ လာမယ့်​နှစ်မှာလည်း​ ၆ ရာခိုင်နှုန်း​အထိ တိုး​တက်နိုင်တယ်လို့​ အိုင်အမ်အက်ဖ်က ခန့်​မှန်း​ထား​ပါတယ်။

ဒေါက်တာ အက်ကာပွန် Aekapol Chongvilaivan က​တော့​ မြန်မာပြည်မှာ သယံဇာတ​တွေ ကြွယ်ဝ​ပေမယ့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ဖို့​ လိုအပ်ချက်​တွေ ရှိ​နေတယ်လို့​ ​ထောက်ပြပါတယ်။

“စင်ကာပူမှာက သဘာဝသယံဇာတ​တွေမရှိဘူး​။ ဒါ​ပေမယ့်​ ကျွမ်း​ကျင် လုပ်သား​တွေ​ကြောင့်​ စီး​ပွား​ရေး​မှာ အကျိုး​ကျေး​ဇူး​တွေ ခံစား​နေရတယ်။ မြန်မာပြည်ကျ​တော့​ သဘာဝသယံဇာတ​တွေ ကြွယ်ဝတယ်။ ဒါ​ပေမယ့်​ ကျွမ်း​ကျင်တဲ့​ လုပ်သား​တွေ မရှိဘူး​။ တချိန်တည်း​မှာ ​ငွေ​ကြေး​ဈေး​ကွက်လည်း​ မရှိဘူး​။ ဒါ​ကြောင့်​ စင်ကာပူက ကျွမ်း​ကျင်မှု​တွေကို မြန်မာပြည်က ဖွင့်​ပေး​ဖို့​ လိုတယ်။ ဒီလို စီး​ပွား​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်မယ်ဆိုရင် စင်ကာပူ​ရော၊​ မြန်မာပြည်​ရော အပြန်အလှန် လိုအပ်ချက်​တွေကို ဖြည့်​ဆည်း​ပေး​ရာ ​ရောက်ပြီး​ နှစ်နိုင်ငံလုံး​အတွက် အကျိုး​ရှိပါတယ်။”

စင်ကာပူနိုင်ငံဟာ စီး​ပွား​ရေး​အရ တိုး​တက်​ပေမယ့်​ နိုင်ငံသား​တွေရဲ့​ နိုင်ငံ​ရေး​ လွတ်လပ်မှု​တွေကို အကန့်​အသတ်​တွေ ရှိ​နေတယ်လို့​ သတ်မှတ်ကြပါတယ်။

မြန်မာပြည်က​တော့​ ​ရေရှည်မှာ စင်ကာပူလမ်း​ကြောင်း​လိုက်လို့​ မဖြစ်ဘူး​လို့​ ​ဒေါက်တာ အက်ကာပွန်က ​ပြောပါတယ်။ နိုင်ငံ​ရေး​အရ အ​ပြောင်း​အလဲ​တွေကို အ​နှေး​နဲ့​ အမြန်လုပ်မှ ဖြစ်မယ်လို့​ သူက ယူဆပါတယ်။

“မြန်မာပြည်မှာ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရကို တဖြည်း​ဖြည်း​ချင်း​ ဖယ်ရှား​ဖို့​ လိုပါတယ်၊​ နိုင်ငံတကာ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​အခင်း​အကျင်း​မှာ မြန်မာပြည်မှာ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရတရပ်က ဆက်အုပ်ချုပ်​နေမယ်ဆိုရင် စီး​ပွား​ရေး​တခါး​ ဖွင့်​နေတယ်ဆိုတဲ့​ ကိစ္စမှာ ရိုး​သား​တယ်၊​ ​လေး​နက်တယ် ဆိုတာကို ပြသဖို့​ ခက်ခဲပါတယ်။ တကမ္ဘာလုံး​ကလည်း​ စစ်တပ်ဦး​ဆောင်တဲ့​ အစိုး​ရက စီး​ပွား​ရေး​ ​ပေါ်လစီ​တွေမှာ အံဝင်ခွင်ကျ ဖြစ်ပါ့​မလား​လို့​ ​စောင့်​ကြည့်​နေကြတယ်။ ဒါ​ပေမယ့်​ မြန်မာပြည်မှာ အ​ပြောင်း​အလဲ​တွေ တဖြည်း​ဖြည်း​ချင်း​ ဖြစ်မလား​၊​ တဆင့်​ပြီး​ တဆင့်​ဖြစ်မလား​၊​ ဘယ်လိုဖြစ်မလဲ မ​သေချာပါဘူး​၊​ ဘယ်လိုပဲဖြစ်ဖြစ် ​နောက်ဆုံး​မှာ​တော့​ အ​ပြောင်း​အလဲက​တော့​ လုပ်ကို လုပ်ဖို့​ လိုပါတယ်။”

ဦး​သိန်း​စိန်ဟာ အရင် စစ်အစိုး​ရ ဝန်ကြီး​ချုပ်အဖြစ် တာဝန်ယူတဲ့​ ၂၀၀၉ ခုနှစ်ကလည်း​ စင်ကာပူကို သွား​ရောက်ခဲ့​ပြီး​၊​ တနင်္ဂ​နွေ​နေ့​က စတင်ခဲ့​တဲ့​ ၄ ရက် ကြာ အခုခရီး​စဉ်မှာ​တော့​ သူနဲ့​အတူ ဇနီး​ ​ဒေါ်ခင်ခင်ဝင်း​၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဍ​မောင်လွင်တို့​ လိုက်ပါသွား​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013