Home
မေးမြန်းခန်း
ပညာ​ရေး​နဲ့​ ပတ်သက်တာက တအား​ကို လိုအပ်ချက် ရှိပါတယ်
အေးနိုင်
·
January 30, 2012
နိုင်ငံ​တော်ဘတ်ဂျက်မှာ ပညာ​ရေး​အသုံး​စရိတ် နည်း​နေတဲ့​ အ​ကြောင်း​နဲ့​ တိုင်း​ရင်း​သား​အဖွဲ့​တွေနဲ့​ အပစ်ရပ်ပြီး​ရင် ကာကွယ်​ရေး​ အသုံး​စရိတ်​တွေ ​လျှော့​ချပြီး​ ပညာ​ရေး​ အသုံး​စရိတ်​တွေ တိုး​ပေး​ဖို့​ လိုတဲ့​အ​ကြောင်း​ မွန်​ဒေသလုံး​ဆိုင်ရာ ပါတီဥက္ကဋ္ဌလည်း​ဖြစ်၊​ အငြိမ်း​စား​ပညာ​ရေး​မှူး​ တဦး​လည်း​ ဖြစ်တဲ့​ နိုင်​ငွေသိန်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ပညာ​ရေး​လောကသား​တွေ မြန်မာပြည်မှာ ရင်ဆိုင်ခဲ့​ရတဲ့​ ပညာ​ရေး​ဘတ်ဂျက်နဲ့​ ပတ်သက်ပြီး​တော့​ ပြည့်​စုံလုံ​လောက်မှု ရှိရဲ့​လား​၊​ ဘာ​တွေလိုလဲ။ “ပညာ​ရေး​နဲ့​ ပတ်သက်တာက တအား​ကို လိုအပ်ချက် ရှိပါတယ်။ တခုမှ ​ကျေနပ်စရာ အ​ကြောင်း​မရှိဘူး​။ အထူး​သဖြင့်​ မူလတန်း​ကျောင်း​ အား​လုံး​ရဲ့​ ၄၆ ရာခိုင်နှုန်း​က ဆရာ ၂ ​ယောက် ​ကျောင်း​ဖြစ်​နေတယ်။ အခုထိဖြစ်​နေတုန်း​ပဲ။ ဆရာ ၂ ​ယောက်​ကျောင်း​ ဆိုတာက မြို့​မှာ​တော့​မရှိဘူး​ ​တောမှာ။ အထူး​သဖြင့်​ နယ်စပ်​ဒေသ​တွေမှာ ​ဝေး​လံတဲ့​ဒေသ​တွေမှာ သူငယ်တန်း​က​နေ ​လေး​တန်း​အထိက အတန်း​က ၅ တန်း​ရှိတယ်။ တချို့​ကျောင်း​ တ​ယောက်​ကျောင်း​တွေ။ အဲဒါမျိုး​ကျ​တော့​ ဘယ်လိုမှ စာသင်လို့​မရဘူး​။ စာသင်လို့​ရတယ်ဆိုတာက အ​ပြောပဲရှိတာ​ပေါ့​။ တကယ်ဆို ဒါက အဓိပ္ပာယ်မရှိတာ။ အဲလို​ကျောင်း​မျိုး​က ၄၆ ရာခိုင်နှုန်း​လောက် ရှိတယ်။ အခုကျ​တော့​ အနည်း​ဆုံး​တော့​ အဲဒီ​လောက်ပဲ ပြန်ရှိဦး​မယ် ထင်တယ်။ ဆရာ၊​ ဆရာမ​တွေ မလုံ​လောက်ဘူး​ပေါ့​။ အဲလိုဖြစ်တဲ့​ အခါကျ​တော့​ သင်ကြား​ရေး​က ဘယ်လိုမှ အခု က​လေး​ဗဟိုပြုသင်ကြား​နည်း​ (စီစီ​အေ) လို့​ ​ပြော​နေတယ်။ အဲဒီ စီစီ​အေ ဆို ဘယ်လိုသွား​သင်မလဲ။ ဒီထိုင်း​မှာကျ​တော့​ တတန်း​ကို ဆရာ၊​ ဆရာမ ၂ ​ယောက်​လောက် အမြဲရှိ​နေတယ်။ သူတို့​က တ​ယောက်ချင်း​ကို သူတို့​အာရုံ​ပေး​နိုင်တဲ့​ သ​ဘောရှိတယ်။ ကျ​နော်တို့​ဆီမှာက အဲလိုမျိုး​က ​နောက်ဆုံး​ပေါ် က​လေး​ဗဟိုပြုသင်ကြား​နည်း​က ဘယ်လိုမှ သင်လို့​မရဘူး​။ ​ပြောရင်လည်း​ ညာ​ပြော​နေတာပါပဲ။ ဒါပါပဲ။ ဆရာ၊​ ဆရာမ​တွေ အပြည့်​အဝချ​ပေး​ဖို့​ လိုတယ်။ [caption id="attachment_20565" align="alignleft" width="300" caption="နိုင်ငွေသိန်း​"][/caption] “လွန်ခဲ့​တဲ့​ ကျ​နော်တို့​ ပညာ​ရေး​ဌာနမှာ ရှိတုန်း​ကဆို ဆရာ၊​ ဆရာမ ၃ သိန်း​ကျော်​ကျော်​လောက်ရှိတယ်။ အမှန်တကယ်ဆို ဆရာ၊​ ဆရာမ ၆ သိန်း​လောက်ရှိမှ ပြည့်​စုံမယ့်​အ​နေအထား​ ရှိတာ​ပေါ့​။ တ​ကျောင်း​ကို ဆရာ ၃ ​ယောက်၊​ ဆရာ ၂ ​ယောက်၊​ ဆရာ ၁ ​ယောက် ဒါ​တွေက မဖြစ်သင့်​တာ၊​ အနည်း​ဆုံး​ မူလတန်း​ကျောင်း​တ​ကျောင်း​မှာ ဆရာ ၈ ​ယောက် ရှိဖို့​လိုတယ်။ ဆရာရှိဖို့​လိုတယ်ဆိုတာက ရသ လည်း​သင်ရမယ်၊​ ကာယလည်း​ သင်ရမယ်၊​ ​ကျောင်း​စာလည်း​ သင်ရမယ်။ တတန်း​မှာဆိုရင် ပိုပြီး​ ဂရုစိုက်နိုင်​အောင် အခု ဝန်ကြီး​ဦး​သန်း​အောင်တို့​ ထုတ်ထား​တဲ့​ ကိုယ်ရည်ကိုယ်​သွေး​မှတ်တမ်း​ ဆိုတာလည်း​ပဲ ဆရာ၊​ ဆရာမ​တွေ စား​ပွဲ​ပေါ်မှာ ဖြည့်​နေကြတာပဲ။ ဆရာမကြို ၂ မှတ်။ ဘုရား​ပန်း​တင်တယ် ၁ မှတ်။ အဲလို​တွေ ​လျှောက်လုပ်​နေရတယ် ဆိုတဲ့​အခါကျ​တော့​ အမှန်တရား​ဟူသည် က​လေး​တွေအတွက် ကိုယ်ရည်ကိုယ်​သွေး​မှတ်တမ်း​မှာ ဖြည့်​ရုံတင် မရဘူး​။ ဒါလည်း​ တခု​ပေါ့​။ ​နောက်တခုက ဆရာ၊​ ဆရာမ​တွေအား​လုံး​ကို အစိုး​ရဘက်က ကြည့်​မယ်ဆိုရင် ကိုယ်ရည်ကိုယ်​သွေး​မှတ်တမ်း​ကို က​လေး​ဗဟိုပြုသင်ကြား​နည်း​နဲ့​ ​ပြောသာ​ပြော​နေတာ။ သင်တန်း​ ​သေချာ ​ခေါ်တာ မရှိဘူး​။ လက်​ထောက်မြို့​နယ် ပညာ​ရေး​မှူး​တွေ တပါတ်​လောက် သင်တန်း​ပေး​လိုက်တယ်။ တပါတ်ဆိုတာ ၅ ရက်။ အဲဒီဆင်း​လာတဲ့​ အခါကျ​တော့​ ဒီဆရာ၊​ ဆရာမ​တွေကို သုံး​ရက်ပဲ ​ခေါ်ပြီး​ သင်​ပေး​တယ်ဆိုတာ ပုံပျက်​နေတဲ့​ သင်နည်း​ပဲ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့​ သင်တန်း​ပဲ။ အဲဒီသင်တန်း​တွေလည်း​ အများ​ကြီး​ဖွင့်​ဖို့​လိုတယ်။ တပြည်လုံး​မှာ ဖွင့်​ဖို့​လိုမယ်။ ဒါ​ကြောင့်​ ဒါ​တွေလည်း​ပဲ ​ငွေ​ကြေး​အကုန်အကျ အများ​ကြီး​ကုန်မှာပါ။ “ကျ​နော်တို့​က စာသင်တဲ့​အခါကျရင် တစ် ကိုယ်ပိုင်အ​တွေး​အ​ခေါ် လိုချင်တယ်။ ဘယ်အတန်း​ပဲသင်သင်၊​ သူ့​အလိုက်နဲ့​ သူ့​အတန်း​နဲ့​ ကိုယ်ပိုင်အ​တွေး​အ​ခေါ် လိုချင်တယ်။ ကိုယ်ပိုင်အ​တွေး​အ​ခေါ်က ခုန​ပြောတဲ့​ တ​ကျောင်း​မှာ ဆရာနှစ်​ယောက်ပဲရှိတယ်။ ဘယ်လိုမှ မသင်နိုင်ဘူး​။ တတန်း​မှာ အ​ယောက် ၂၀ ​လောက် ရှိတာ ကိုယ်ပိုင်အ​တွေး​အ​ခေါ်ရ​အောင် သင်မယ်။ သူ​တွေး​မယ်၊​ ဘာ​ခေါ်မလဲ။ သင်ခန်း​စာတခု​ပေါ့​။ မိုး​ရွာတဲ့​အ​ကြောင်း​ ​ပြောမယ်ဆိုရင် မိုး​ဆိုတာနဲ့​ သူ့​ဟာသူ​တွေး​မယ်။ သူ့​ဟာသူ ​ဆွေး​နွေး​မယ်။ ပြီး​တဲ့​အခါ ထိုး​ထွင်း​တီထွင်နိုင်စွမ်း​ရှိတဲ့​ ကိုယ်ပိုင်အ​တွေး​အ​ခေါ်။ မင်း​တို့​ ဒီမိုး​ဟာ ​နွေမှာလည်း​ ရွာဖို့​ရှိမယ်ဆိုရင် ရှိနိုင်တယ်။ ပြီး​မှ မိုး​ရွာများ​သွား​တယ်။ ဘာဖြစ်လဲ၊​ ဘယ်​နေရာ ဘာဖြစ်တယ်၊​ ဒါ​တွေက အဆင့်​ သုံး​ဆင့်​လုံး​ကို ဘယ်အတန်း​ပဲ သင်သင် လုပ်​ပေး​ဖို့​ လိုတာ​ပေါ့​။ အခုက ဒီလိုမျိုး​ ​တွေး​ခေါ်တာ​တွေ လုံး​ဝမရှိဘူး​၊​ က​လေး​က မအား​ဘူး​ဗျ။ မိုး​ချုပ်မိုး​လင်း​ ကျူရှင်၊​ တချိန်လုံး​ အား​ကစား​လည်း​ ဘာမှမရှိဘူး​။ လက်​မောင်း​က​လေး​တွေ ​သေး​သေး​လေး​ပဲရှိ​တော့​တယ်၊​ ကာယမရှိဘူး​ဆိုရင် ဦး​နှောက်က ဘယ်လိုမှမပြည့်​ဝဘူး​။ အလုပ် မလုပ်နိုင်ဘူး​ဆိုတာ သိတယ်​လေ။ အရင်က ကာယဆရာရှိတယ်၊​ ပန်း​ချီဆရာရှိတယ်၊​ ရသဆရာရှိတယ်။ အခုက ဘာမှမရှိ​တော့​ဘူး​ဆို​တော့​ ဖြည့်​မယ်ဆိုရင် ဆရာဆရာမက အ​ခြေခံပညာမှာတင်ပဲ ၆ သိန်း​လောက် လိုတယ်လို့​ ကျ​နော်တို့​ အကြမ်း​ဖျင်း​တွက်တယ်​လေ။” နိုင်ငံ​တော်က​နေ ချမှတ်​ပေး​တဲ့​ ဘတ်ဂျက်နဲ့​ ဘယ်လိုမျိုး​ နှီး​နွှယ်ဆက်စပ်​နေတယ်ဆိုတာ ​ပြောပြ​ပေး​ပါလား​။ “ဆရာ၊​ ဆရာမ​တွေက အ​စောပိုင်း​က ဦး​ရေ ၃ သိန်း​လောက်ရှိတယ်။ မူလတန်း​။ အခုန ကျ​နော် အဆိုပြုတာ ၆ သိန်း​လောက် ရှိဖို့​လိုတယ်ဆိုရင် ဘတ်ဂျက်က အများ​ကြီး​ချ​ပေး​ဖို့​ လိုတယ်။ ဘတ်ဂျက်က ပညာ​ရေး​ဌာနက အသုံး​စရိတ်က အ​သေး​သုံး​ဆိုတာ ​ခေါင်း​စဉ် ​တော်​တော်များ​ပါတယ်။ ​ခေါင်း​စဉ်များ​တယ်ဆိုတာက လစာတို့​ ဘာတို့​က သူ့​ခေါင်း​စဉ်နဲ့​ သူ​ပေါ့​။ ​ကျောင်း​မှာ ဘာ​တွေ ဝယ်မယ်၊​ ​မြေဖြူဝယ်တာကအစ အား​လုံး​ပေါ့​။ အား​လုံး​က​တော့​ တိုး​ပေး​ဖို့​ လိုတယ်။ အစစ အရာရာ လိုတယ်။ မတိုး​ပေး​ဘူး​ဆိုရင် ဆရာ၊​ ဆရာမ​တွေက က​လေး​တွေဆီကပဲ ​ကောက်ရမယ်။ သိတဲ့​အတိုင်း​ပဲ။ က​လေး​တွေက ဒီ​ကျောင်း​မှာသုံး​တဲ့​ ပစ္စည်း​အတွက် ​ပေး​ရတယ်။ ဆရာ၊​ ဆရာမ​တွေ ကျူရှင်အတွက်လည်း​ ​ပေး​ရတယ်။ ​ကျောင်း​ဆောက်ရင်လည်း​ ​ပေး​ရတယ်။ ​ကျောင်း​ပြင်ရင်လည်း​ ​ပေး​ရတယ် ဆိုတဲ့​ အ​နေအထား​က သိပ်များ​နေပြီ။ ကျ​နော်တို့​က အခုန ​ကျောင်း​ဆောက်တာတို့​ ​ကျောင်း​ပြင်တာတို့​ မိဘပဲ​ပေး​တယ် ထား​လိုက်​တော့​၊​ ဒါ​ပေမယ့်​ ဒါ​တွေမဖြစ်သင့်​ဘူး​။ အား​လုံး​က အစိုး​ရအ​နေနဲ့​ အား​လုံး​ကို တာဝန်ယူဖို့​ ​ကောင်း​တယ်။ အဲဒီလို က​လေး​တွေဆီက မဖြစ်စ​လောက်​လေး​တွေ​တော့​ ကိစ္စမရှိပါဘူး​။ အား​လုံး​ ​မြေဖြူက​နေစပြီး​ က​လေး​တွေ ​ပေး​နေရတဲ့​ အ​နေအထား​မှာ ရှိ​နေတယ်။” ကာကွယ်​ရေး​အသုံး​စရိတ်က​တော့​ သန်း​ ၂၀၀၀၊​ ပညာ​ရေး​က​တော့​ သန်း​ ၃၅၀ ဆို​တော့​ အဲဒီ ၂ ခုကို ယှဉ်​ပြောပြပါလား​။ တိုင်း​ရင်း​သား​တွေနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​လည်း​ ဖြစ်​နေပြီဆို​တော့​ ဗမာပြည်မှာ ကာကွယ်​ရေး​အသုံး​စရိတ်နဲ့​ ဆရာကြီး​ကလည်း​ ညွှန်မှူး​အဖြစ်နဲ့​ သွား​ဖူး​လာဖူး​တယ်။ ဘယ်လိုဖြစ်​စေချင်လဲ ဘတ်ဂျက်ခွဲ​ဝေမှုမှာ။ “ဖြစ်​စေချင်တာက ဥပမာ မူလတန်း​က အ​ခြေခံပညာမှာ ဆရာ၊​ ဆရာမ ၆ သိန်း​လောက် ဖြစ်သင့်​တယ်။ အထက်တန်း​မှာရှိတဲ့​ တက္ကသိုလ်​ကောလိပ်မှာ ​ကျောင်း​တွေမှာ ရှိတဲ့​ဆရာ၊​ ဆရာမ​တွေလည်း​ သူတို့​ သိန်း​နဲ့​ချီရှိတာပဲ။ အဆ၂၀။ ကျ​နော်​ပြောတာ နည်း​တောင်နည်း​သေး​တယ်။ ခုနက အပစ်အခတ် ရပ်စဲ​ရေး​ ပြီး​သွား​ပြီ။ ဟိုဘက်က အတတ်နိုင်ဆုံး​ ကာကွယ်​ရေး​စရိတ်ကို ​လျှော့​ပြီး​တော့​ ဒီဘက်မှာ တိုး​ဖို့​ကောင်း​မယ်လို့​ သ​ဘောရတယ်။ ဒါ​ပေမယ့်​ ဟိုဘက်က လခတိုး​ပေး​ရမယ်။ ဒီဘက်လည်း​ တိုး​ပေး​ရမယ်၊​ ဆို​တော့​ အတတ်နိုင်ဆုံး​တော့​ လူနည်း​နည်း​နဲ့​ စစ်တပ်မှာရှိမယ်။ လူများ​များ​နဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​မှာ ရှိမယ်ဆိုရင် ပို​ကောင်း​မယ်လို့​ ထင်တာပဲ။ လူနည်း​နည်း​ ဆိုတဲ့​နေရာမှာ မလိုအပ်​တော့​ဘူး​ဆိုရင် ငြိမ်း​ချမ်း​ရေး​ ရပြီး​ရင်​တော့​ မလိုအပ်​တော့​ဘူး​ ထင်တာပဲ။”  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024