အိမ်မွေးခွေးနှင့် ခွေးပိုင်ရှင်တို့၏ မာရသွန်ပြေးပွဲ ဘန်ကောက်တွင် ကျင်းပ (ဓာတ်ပုံ)

729
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ပရဟိတပွဲစဉ်အတွက် ရာနဲ့ချီတဲ့ အိမ်မွေးခွေးတွေဟာ သူတို့ပိုင်ရှင်တွေနဲ့အတူ မာရသွန် ပြေးခဲ့ပါတယ်။
အရွယ်အစားနဲ့ အရောင်စုံ အမျိုးစုံနေတဲ့ ရာနဲ့ချီတဲ့ အိမ်မွေးခွေးတွေ ဘန်ကောက်မြို့တော် ပန်းခြံထဲမှာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မာရသွန်အတွက် ပြေးနေတာပါ။
ဒါဟာ ထိုင်းနိုင်ငံအတွက် ပထမဆုံး အပြေးပြိုင်ပွဲ အမျိုးအစားလည်းဖြစ်ပြီး တိရစ္ဆာန်တွေပါ ပရဟိတလုပ်ငန်းမှာ ပါဝင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ရန်ပုံငွေတွေကို စီရီရတ်ခ်ျဆေးရုံမှာ အဆောက်အဦတလုံးဆောက်ဖို့ သုံးမှာပါ။
၁ ဒသမ ၁ မိုင်ရှည်တဲ့ ပြေးပွဲမှာ ဝင်ပြိုင်ဖို့ ခွေးပိုင်ရှင်တွေဟာ ခွေးတကောင်၊ လူတယောက်အတွက် မှတ်ပုံတင်ကြေး ဒေါ်လာ ၃၀ ပေးရပါတယ်။
ဒီပွဲဟာ ခွေးတွေကို လူသားတွေကို ကူညီနိုင်သူအဖြစ် အခန်းကဏ္ဍ ပြောင်းပေးတာလို့ ပွဲစီစဉ်သူတွေထဲက တယောက်ဖြစ်တဲ့ ပင်မ်ပစ်ချာ အတ်စာဟာဂျစ်က ပြောပါတယ်။
ခွေးချစ်သူတွေကတော့ ဒါမျိုးပွဲတွေ ပိုမြင်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အခုအခါ ပြေးပွဲတွေနဲ့ မာရသွန်တွေကို လူကြိုက်များမှု ပိုတိုးလာနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ