DVB Logo
Home
မြန်မာသတင်း
ကိုဇာဂနာအပါအဝင် မြန်မာနိုင်ငံသား​သုံး​ဦး​ကို အ​မေရိကန် NED ဖိတ်ကြား
DVB
·
January 30, 2012
ကိုဇာဂနာအပါအဝင် မြန်မာနိုင်ငံသား​သုံး​ဦး​ကို အ​မေရိကန် NED ဖိတ်ကြား
Donate to DVB

မြန်မာ့​နိုင်ငံ​ရေး​နဲ့​ တိုင်း​ရင်း​သား​ဒေသ အ​ခြေအ​နေ​တွေကို ​ဆွေး​နွေး​ဖို့​ ဟာသသရုပ်​ဆောင် လူရွင်​တော် ဇာဂနာအပါအဝင် မြန်မာနိုင်ငံသား​သုံး​ဦး​ကို အ​မေရိကန်အစိုး​ရနဲ့​ လွှတ်​တော်​နောက်ခံအဖွဲ့​အစည်း​ NED (National Endowment for Democracy)က ဖိတ်ကြား​ပါတယ်။

[caption id="attachment_20560" align="alignleft" width="300" caption="ကိုဇာဂနာ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေအ​ကြောင်း​ တင်ပြဖို့​ NED က ကချင်ပြည်က လယ်သမား​နဲ့​ လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​သူ ​ဒေါ်​ဘောက်ဂျာ၊​ လူရွှင်​တော် ဇာဂနာ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အမျိုး​သမီး​ရေး​ရာ လှုပ်ရှား​သူ ​ဒေါ်ခင်သန်း​မြင့်​တို့​ ၃ ဦး​ကို ဖိတ်ကြား​ခဲ့​တာပါ။

သူတို့​ဟာ အ​မေရိကန်အစိုး​ရရဲ့​ ဒီမိုက​ရေစီ၊​ လူ့​အခွင့်​အ​ရေး​နဲ့​ လုပ်သား​ရေး​ရာ ​ကော်မတီ လက်​ထောက် အတွင်း​ဝန် မိုက်ကယ်ပိုဇနာနဲ့​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

ခရီး​စဉ်အတွင်း​ အ​မေရိကန်အထက်လွှတ်​တော်နဲ့​ ​အောက်လွှတ်​တော်ကိုလည်း​ သွား​လည်ပတ်မှာဖြစ်သလို အ​မေရိကန်​ရောက် ကချင်အသိုင်း​အဝိုင်း​ထံကိုလည်း​ လည်ပတ်မယ်လို့​ ​ဒေါ်​ဘောက်ဂျာက ​ပြောပါတယ်။

“မြန်မာပြည်ရဲ့​ လက်ရှိနိုင်ငံ​ရေး​ အ​ခြေအ​နေရယ်၊​ တိုင်း​ရင်း​သား​ ​ဒေသမှာဖြစ်​နေတဲ့​ လက်ရှိ အဖြစ်အပျက်ကို အ​ခြေခံပြီး​တော့​ ဒီလူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ၊​ တိုင်း​ရင်း​သား​ ​ဒေသမှာ တိုက်ပွဲဖြစ်​နေတဲ့​ကိစ္စ မြန်မာပြည်ရဲ့​ အ​ခြေအ​နေကို နည်း​နည်း​ တင်ပြ​ပေး​ဖို့​ ဆိုပြီး​တော့​ ကမ်း​လှမ်း​ထား​တယ်။”

သူတို့​ကို ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့​က​နေ ၇ ရက်​နေ့​အထိ ဖိတ်ကြား​ထား​တာ ဖြစ်ပါတယ်။ NED အဖွဲ့​ဟာ ကမ္ဘာတဝန်း​က ဒီမိုက​ရေစီ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ လုပ်ငန်း​များ​ကို ​ထောက်ပံ့​နေတဲ့​ အဖွဲ့​အစည်း​တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013