A d v e r t i s e m e n t With Us

ရေအောက်ကမ္ဘာမှ ပင်လယ်လိပ်ကြီးနှင့် မြွေကြီးတို့၏ အသက်လုတိုက်ပွဲ (ရုပ်သံ)

    ကုန်းနေရေနေ သတ္တ၀ါမျိုးစိတ်တွေထဲမှာ ပင်လယ်လိပ်ကြီးတွေဟာ တခြားသော မိကျောင်းနဲ့ မြွေမျိုးစိတ်တွေထက် ရှေးကျတဲ့ မျိုးစိတ်တွေ ဖြစ်ကြပါတယ်။     အစောဆုံးတွေ့ရှိရတဲ့ ပင်လယ်လိပ်မျိုးစိတ်တွေကိုတော့ လွန်ခဲ့တဲ့နှစ် ၁၅၇ သန်း လောက်ကတည်းက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ထဲက မျိုးစိတ် ပေါင်း ၁၃၇ မျိုးရှင်သန်နေထိုင်ကြတာပါ။     ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြောက်အမေရိက ရေမြွေကြီးတကောင်နဲ့ ရေထဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲတိုက်ခိုက်ခဲ့ကြတာတွေကို တွေ့ကြရမှာပါ။     ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်တ်ပြည်နယ်၊ မေနာ့တ်မြို့မှာ ဖြစ်ခဲ့တာပါ။     မြွေဟာ ရေစပ်စပ်နေရာတခုကနေ လျှောဆင်းသွားခဲ့တာကို တွေ့ရချိန်မှာ ပင်လယ် လိပ်ကြီးက ကမ်းတဖက်ကနေ ရေစပ်ဆီ တွားလာခဲ့တာကို တွေ့ရပါတယ်။     အဲဒီနောက်တော့ ရေထဲကငုပ်လျှိုးနေခဲ့ကာ စောင့်နေခဲ့ပြီး ကျောက်ဆောင်ကြားကနေ မြွေရဲ့ အမြီးပိုင်းကို ရုတ်တရက် ကိုက်ခဲပစ်လိုက်တာပါ။     မြွေဟာ အငိုက်မိခဲ့ကာ လွန့်လူးပြီး ရုန်းထွက်ပေမယ့် ဘယ်လိုမှ မလွတ်မြောက် နိုင်ခဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။     သူ့ရဲ့ ဦးခေါင်းကို တပါတ်လည်လှည့်ပြီး လိပ်ကြီးကိုလည်း မတိုက်ခိုက်နိုင်ခဲ့ပဲ ရုန်းထွက်ဖို့ ကြိုးစားနေချိန်မှာပဲ သူ့ရဲ့ အမြီးပိုင်းကို မြွေကြီးက ကိုက်ဖြတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up