DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်​ဒေါ်လာ ၁ ​သောင်း​အထိ စာရွက်စာတမ်း​မလို ​ငွေလဲနိုင်ပြီ
DVB
·
January 30, 2012
အ​မေရိကန်​ဒေါ်လာ ၁ ​သောင်း​အထိ စာရွက်စာတမ်း​မလို ​ငွေလဲနိုင်ပြီ
Donate to DVB

မြန်မာနိုင်ငံမှာ အ​မေရိကန်​ဒေါ်လာ ပိုင်ဆိုင်သူ​တွေအ​နေနဲ့​ ​ဒေါ်လာ ၁ ​သောင်း​အထိ ဘာစာရွက်စာတမ်း​မှ တင်ပြစရာမလိုဘဲ ​ငွေလဲလှယ်နိုင်ပြီ ဖြစ်ပါတယ်။

ဖေ​ဖော်ဝါရီ ၁ ရက်​နေ့​ကစပြီး​ နိုင်ငံခြား​ငွေလဲလှယ်​ရောင်း​ဝယ်ခွင့်​ ရထား​ကြတဲ့​ ဘဏ်​တွေက ​ငွေလဲ​ကောင်တာတိုင်း​မှာ လဲလှယ်နိုင်ကြပြီ ဖြစ်ပါတယ်။

အရင်က ​ငွေလဲ​ကောင်တာ​တွေမှာ ​ငွေလဲရင် နိုင်ငံခြား​သား​ဖြစ်ပါက ပတ်စ်ပို့​ပြရပြီး​၊​ ​ဒေါ်လာ ၂၀၀၀ ​ကျော် လဲရင် အ​ကောက်ခွန် ​ကြေညာလွှာ တင်ပြရပါတယ်။

မြန်မာနိုင်ငံသား​ဆိုရင် နိုင်ငံခြား​ငွေရရှိရာ ​ငွေဝင်ရင်း​မြစ်ကို တင်ပြရပြီး​ ဝယ်ယူမှာဆိုရင်​တော့​ ဘယ်​နေရာမှာ သုံး​မယ်ဆိုတာ သက်​သေတင်ပြရတာ​တွေ ရှိခဲ့​ပါတယ်။

အခု အဲ့​ဒီလို စာရွက်စာတမ်း​ တင်ပြရတာ​တွေကို အ​မေရိကန်​ဒေါ်လာ ၁ ​သောင်း​တန်ဖိုး​အထိ ပြုလုပ်ရန် မလိုအပ်​တော့​ဘူး​ဆိုတဲ့​ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်ရဲ့​ ညွှန်ကြား​ချက်နဲ့​ ​ဖြေ​လျှော့​ပေး​ခဲ့​တာ ဖြစ်ပါတယ်။

[caption id="attachment_20545" align="alignright" width="300" caption="သိမ်ဖြူငွေလဲကောင်တာ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

အခုလို ​ဒေါ်လာ ၁ ​သောင်း​အထိ စာရွက်စာတမ်း​ ပြစရာမလိုဘဲ ​ငွေလဲနိုင်တဲ့​အ​ပေါ် ဖြစ်​ပေါ်လာနိုင်တဲ့​ ​ကောင်း​ကျိုး​ ဆိုး​ကွက်တချို့​ကို စီး​ပွား​ရေး​နဲ့​ဘဏ္ဍာ​ရေး​ဆိုင်ရာ ​ဆောင်း​ပါး​တွေ​ရေး​နေတဲ့​ ဆရာဦး​ဟန်ထွန်း​ (အခွန်) က အခုလို သုံး​သပ် ​ပြောကြား​ပါတယ်။

“နိုင်ငံခြား​ငွေ အတန်အသင့်​ရပြီး​တော့​ အဲ့​အ​ပေါ်မှာ အသက်​မွေး​ဝမ်း​ပြု​နေရတဲ့​ လူ​တွေ။ ဥပမာ နိုင်ငံခြား​ပို့​တဲ့​ ​ငွေနဲ့​ စား​ဝတ်​နေ​ရေး​ဖြေရှင်း​နေရတဲ့​ လူ​တွေအတွက်​တော့​ ​ကောင်း​တာ​ပေါ့​။ သို့​သော်လည်း​ ​ငွေ​ကြေး​ကစား​တဲ့​လူ​တွေအတွက် အခွင့်​အ​ရေး​ဖြစ်သွား​မှာကို နည်း​နည်း​ ကြည့်​ထိန်း​ရမယ့်​ သ​ဘော​တော့​ရှိတယ်။ လူ ၁၀ ​ယောက် ဒါမှမဟုတ် လူ ၄၊​ ၅ ​ယောက်က နှစ်ခါ သုံး​ခါပြန်လဲတာတို့​ ဘာတို့​ ဆိုတဲ့​ ပြဿနာ​တွေလည်း​ ဖြစ်လာနိုင်တယ်။ ဒါ​ပေမယ့်​ တခုရှိတာ​ပေါ့​။ အစိုး​ရရဲ့​ ဗဟိုဘဏ်က ဒီကိစ္စအ​ပေါ်မှာ လက်လွတ်စပယ် မထား​လောက်ဘူး​လို့​တော့​ ထင်တာပဲ။ ဆိုလိုတာက​တော့​ ဘယ်သူ​တွေ ဘယ်​လောက် လဲ ပြီး​ပြီလဲ။ ဘယ်​လောက်​ခြေရှုပ်​နေသလဲ ဆိုတာကို​တော့​ နည်း​နည်း​ စုံစမ်း​ထောက်လှမ်း​မှု ​နောက်ကလိုက်ကြည့်​တာတို့​ လုပ်ဖို့​ လိုအပ်လိမ့်​မယ်လို့​ ထင်တယ်။”

လော​လောဆယ် အ​မေရိကန်​ဒေါ်လာနဲ့​ ကျပ်​ငွေလဲနှုန်း​ကို ရန်ကုန်မြို့​ သိမ်ဖြူ​ငွေလဲ​ကောင်တာနှုန်း​နဲ့​ သတ်မှတ်လဲလှယ် ​ရောင်း​ဝယ်​နေကြတာ ဖြစ်ပါတယ်။

မြန်မာ့​စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲဖို့​အတွက် ​ငွေလဲနှုန်း​တခု သတ်မှတ်ဖို့​နဲ့​ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်ကို လွတ်လပ်တဲ့​ အဖွဲ့​အစည်း​အဖြစ် ​ပြောင်း​ဖို့​ ပညာရှင်အများ​စုက အကြံပြုထား​ကြပါတယ်။

dvb88web2011@

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013