Home
မေးမြန်းခန်း
တရား​ရုံး​အုတ်နံရံကို ​ခေါင်း​နဲ့​တိုက်ခဲ့​သူ (​မေး​မြန်း​ချက်)
ပီတာအောင်
·
January 30, 2012
ကသာ​ထောင်မှာ ​ထောင်ဒဏ် (၂၇) နှစ် ပြစ်ဒဏ်ချခံထား​ရရာက​နေ ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်လာတဲ့​ ကင်ဂျိနာဂအိဆုရှင် ဒီဗွီဘီသတင်း​ထောက် မလှလှဝင်း​ကို
လှ​လှ​၀င်း
သူ့​ရဲ့​ထောင်တွင်း​ အ​တွေ့​အကြုံ​တွေကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ မလှလှဝင်း​ဟာ ပခုက္ကူစာသင်တိုက်က ဘုန်း​ကြီး​တွေကို အင်တာဗျူး​လုပ်ပြီး​ ပြန်အထွက်မှာ ၂၀၀၉ စက်တင်ဘာလ ၁၁ ရက်မှာ ဖမ်း​ဆီး​ခံခဲ့​ရပါတယ်။ “အဲဒီ ပခုက္ကူ​ကျောင်း​ကို ၁၂ နာရီ​လောက်ဝင်သွား​တာ။ အဲဒီမှာ ထူး​ထူး​ဆန်း​ဆန်း​ ဘုန်း​ကြီး​တပါး​ အဖမ်း​ခံရတယ်။ အဲဒီထဲကို သွား​ပြီး​တော့​ အင်တာဗျူး​ သွား​ယူတာ။ အဲဒီက​နေ ကျမတို့​ ဆိုင်ကယ်နဲ့​ပြန်ထွက်လာတာ၊​ အ​နောက်က လိုက်လာလား​ကြည့်​တော့​ မရှိဘူး​။ အိမ်ကို​ရောက်​တော့​မှ ဒီနား​မှာ တခြား​ အိမ်​ထောင်စု ၂ ခု၊​ ၃ ခုကို သွား​ယူ​သေး​တယ်။ က​လေး​စစ်သား​တ​ယောက်နဲ့​ ဝန်ကြီး​ကိစ္စတခုနဲ့​၊​ ညကျမှ ဧည့်​စာရင်း​ဆိုပြီး​ လာစစ်ပြီး​ ဖမ်း​သွား​တာ။ ကျမတို့​အိမ်မှာ အဖမ်း​ခံလိုက်ရတာ။” ဖမ်း​တဲ့​အချိန်မှာ သုံး​ယောက်လို့​လည်း​ကြား​တယ်။ အဲဒါ ဘယ်လိုမျိုး​လဲ။ “ကိုမြင့်​နိုင်ရယ်၊​ ကျမရယ်၊​ အိမ်ရှင် ကိုမြင့်​နိုင်ရဲ့​အစ်မ၊​ သုံး​ယောက်ကို ဖမ်း​တာပါ။ ကိုမြင့်​နိုင် အစ်မက​တော့​ အိမ်ရှင်က ဧည့်​စာရင်း​မတိုင်တဲ့​ စွဲချက်နဲ့​ ၁၅ ရက်ကျတယ်။” နောက် သူ့​ကို ပြန်လွှတ်​ပေး​လိုက်ပြီး​ မလှလှဝင်း​နဲ့​ ကိုမြင့်​နိုင်ကို ​ထောင်ဒဏ်နှစ်ရှည်ချလိုက်တာလား​။ “ဟုတ်ပါတယ်။ ​နောက်အမှု​တွေကို ကျမနဲ့​ ကိုမြင့်​နိုင်ပဲ ဆက်တွဲတာ။” အဲဒီညက ဖမ်း​သွား​ပြီး​တော့​ ဘယ်ကို​ခေါ်သွား​လဲ။ “အဲဒီညက ရဲစခန်း​ကို စ​ရောက်တယ်။ ကျမတို့​ အဲဒီညတည အချိန်ရတယ်။ ​နောက်​နေ့​လည်း​ တ​နေကုန် ရဲစခန်း​မှာပဲ။ ဒါ​ပေမယ့်​ သူတို့​ဘာမှ​တော့​ ​သေချာမ​မေး​သေး​ဘူး​။ သူတို့​ တခုခုရဲ့​ ညွှန်ကြား​ချက် ​စောင့်​နေပုံရတယ်။ အဲဒီက​နေ ညကျမှ ၇ နာရီ​လောက်မှာ ကျမကို​ခေါ်သွား​တယ်။ အလုံပိတ်ကား​တခုနဲ့​ ​ခေါ်သွား​ပြီး​တော့​ အိမ်တအိမ်ကို ​ရောက်သွား​တယ်။ အဲဒီအိမ်မှာ စစစ်တာ။ စစစ်တဲ့​ အချိန်ကတည်း​က သူတို့​ပြောတယ်။ သူတို့​မေး​ခွန်း​တိုင်း​ကို ကျမ​ဖြေ​ပေး​တယ်။ တခုရှိတာက ကျမကို ဒီထဲမှာမစစ်ပါနဲ့​၊​ ကျမကို​ထောင်ကို ပို့​ပေး​ပါ။ ဘာလို့​လဲဆို​တော့​ ကိုယ့်​ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး​လေ။ ​နောက်စစ်ရင် ဘာ​တွေများ​ ထပ်​ပေါ်မလဲဆိုတဲ့​ ယုံကြည်မှုမျိုး​ ကျမမှာမရှိဘူး​။ အ​ရေး​ကြီး​တာက ​ထောင်​ရောက်ဖို့​အ​ရေး​ကြီး​တယ်။ ​ထောင်​ရောက်မှသာလျှင် ကျမသတင်း​ထွက်လာမယ်ဆိုတာ ​တွေး​ကြည့်​တဲ့​အတွက် ​ထောင်ပို့​ဖို့​ကို ကျမ​တောင်း​ဆိုတယ်။ မ​ပေး​ဘူး​။ မ​ပေး​တော့​ အဲဒီက​နေစပြီး​တော့​ ကျမက ရဲစခန်း​မှာကတည်း​က တရက်​စောင့်​တယ်။ အစာလည်း​မစား​ဘူး​။ ​ရေလည်း​မ​သောက်ဘူး​။ အဲဒါ ၆ ရက်​မြောက်မှာမှ ​ထောင်ကိုပို့​တယ်။ ကျမက အဲလိုအစာငတ်ခံ ဆန္ဒပြ​နေ​တော့​ သူတို့​လည်း​ ကျမကို ရိုက်နှက်ပြီး​ စစ်ချိန်မရ​တော့​ဘူး​။ ကျမက သူတို့​မေး​သမျှ ​ကောင်း​ကောင်း​ဖြေတယ်။ အကုန်​ဖြေ​ပေး​တာ။ ​ဖြေနိုင်သ​လောက် ​ဖြေ​ပေး​တယ်။ ဒါ​ပေမယ့်​ ​ရေလည်း​မ​သောက်ဘူး​။ အစာလည်း​ မစား​ဘူး​။ အဲဒီ​တော့​ သူတို့​ကိုင်တွယ်ရ ​တော်​တော်ခက်​နေပုံရတယ်။ ၆ ရက်​မြောက်မှာမှ အရမ်း​အဖျား​ကြီး​လာပြီး​မှ မဖြစ်မ​နေ ​ထောင်ကိုပို့​ရတာ။ ပခုက္ကူ​ထောင်ကိုပို့​တာ။” အဲဒီမှာ စစ်တာက စအဖ က စစ်တာလား​။ စစ်တဲ့​နေရာမှာ ကိုယ်ထိလက်​ရောက်​တွေ ဘာ​တွေနှိပ်စက်တာ​တွေ ရှိလား​။ “မရှိဘူး​။ ဒါ​ပေမယ့်​ ​နေ့​ရော၊​ ည​ရော မအိပ်ခိုင်း​တာ​တော့​ ရှိတယ်။ ​နေ့​ည မအိပ်ဘဲနဲ့​ တ​ယောက်ပြီး​တ​ယောက် တဖွဲ့​ပြီး​တဖွဲ့​ ဝင်စစ်တာ။ စစ်တဲ့​အဖွဲ့​တွေက​တော့​ အများ​ကြီး​ပဲ။ ပခုက္ကူမြို့​ကပဲ။ တချို့​ဆိုရင် တခြား​တ​နေရာက​နေ စစ်တယ်လို့​တောင် ကြား​ရတယ်။” တရား​စစွဲတာ ပထမ​တော့​ တရား​မဝင် ဆိုင်ကယ်မှု​ပေါ့​။ လိုင်စင်မဲ့​ဆိုင်ကယ်စီး​တယ်။ ​နောက် သွင်း​ကုန်ပို့​ကုန်မှုနဲ့​ ၇ နှစ်ချတယ်။ ​နောက် ဧည့်​စာရင်း​မတိုင်တာလည်း​ ပါတယ်။ ​နောက် ဒီဗွီဘီ သတင်း​ထောက်မှန်း​ သိ​တော့​ အီလက်ထ​ရောနစ်​တွေနဲ့​ ​ပေါင်း​ပြီး​တော့​ အား​လုံး​ပေါင်း​ ၂၇ နှစ်ချလိုက်တာ​ပေါ့​။ အဲဒီ​နေ့​က အမိန့်​ချတဲ့​ မြင်ကွင်း​လေး​ကို ပြန်​ပြောပြ​ပေး​ပါလား​။ “စအဖမ်း​ခံရပြီး​ ၂ ရက်​မြောက်မှာကတည်း​ကိုက ကျမက ဒီဗွီဘီ သတင်း​ထောက်လို့​ ​ပြောထား​ပြီး​သား​၊​ အဲဒါ​ကြောင့်​ ရသ​လောက်စစ်တယ်။ ​နောက် ဒီဗွီဘီအပြင်ကို သတင်း​ကိစ္စအပြင်ကို ကျမကို အန်အယ်လ်ဒီနဲ့​ ပတ်သက်ပြီး​ ​တော်​တော်များ​များ​ စစ်တယ်။ အဲဒီတုန်း​က ကျမကထွက်ထား​တာကို။ အဲဒါ ကျမ ​ဆေး​ရုံကပြန်လာပြီး​တော့​မှ ဧည့်​စာရင်း​အမှုအတွက် စရင်ဆိုင်ရတာ။ ၁၅ ရက်ချလိုက်တယ်။ ​နောက်​တော့​ ဆိုင်ကယ်မှုကို ထပ်ရင်ဆိုင်ရတယ်။ ကျမထပ်​ပြောတယ်။ ဒီဆိုင်ကယ်က မဖြစ်နိုင်ဘူး​။ ကျမက ခင်ဗျား​တို့​ဆီမှာ ​ပေး​ထား​တဲ့​ အချက်အလက်​တွေ အများ​ကြီး​ရှိတယ်။ ကျမနဲ့​တန်တဲ့​ ပုဒ်မကိုစွဲပါ။ အဲဒါကိုလုံး​ဝ လက်မခံဘူး​။ ဆိုင်ကယ်မှုနဲ့​ ရ​အောင်ချတာ​ပေါ့​။ အဲဒါနဲ့​ စိတ်တိုပြီး​ တရား​ရုံး​မှာတင် တိုင်နဲ့​ခေါင်း​နဲ့​ဆောင့်​တာ။ နံရံနဲ့​ ​ဆောင့်​သေး​တာ။ ဆိုင်ကယ်အမိန့်​ ချတဲ့​နေ့​က။ အဲဒီ​နေ့​က ဆိုင်ကယ်အမှုနဲ့​ အမိန့်​ချ​တော့​ ကျမက ​တော်​တော်စိတ်တိုတယ်။ ဒီ​လောက်​ပြောထား​လျက်နဲ့​ လုပ်ရပါ့​မလား​ဆိုပြီး​တော့​ စိတ်တိုပြီး​ ​လေး​ချက်​လောက် ​ဆောင့်​လိုက်တယ်။ ဝိုင်း​ဆွဲတာ မမှီလိုက်ဘူး​။ အတင်း​ဆွဲချုပ်ပြီး​ ​ထောင်ကိုပြန်ပို့​ရတာ။ ​ထောင်မှာလည်း​ ပြဿနာရှာ​တော့​ ကျမကို လက်ထိတ်နဲ့​ ခတ်ထား​တယ်။ ထမင်း​လည်း​ မစား​တော့​ဘူး​။ ​ရေလည်း​မ​သောက်​တော့​ဘူး​။ ​နောက် တရက်​ကျော်မှာ လာ​ပြောတယ်။ မလှလှဝင်း​ကို ​နောက်အမှုတွဲဖို့​ ရှိပါတယ်။ တာဝန်အရ လုပ်ရတာပါ။ အထက်က ခိုင်း​လို့​ပါလို့​ လာ​ပြောတယ်။ အဲဒီ​တော့​မှ ကျမက ​ရေတို့​ အစာတို့​ပြန်စား​တာ။ ဒုတိယအမှု​တွေက ပခုက္ကူ​ထောင်မှာပဲ စစ်လိုက်​တော့​တယ်။ ၅၀၅(ခ)၊​ အီလက်ထ​ရောနစ်၊​ ရုပ်မြင်သံကြား​နဲ့​ ဗွီဒီယိုအက်၊​ အား​လုံး​ပေါင်း​တော့​ ၂၇ နှစ်ကျတယ်။” နောက်​တော့​ ကသာ​ထောင်ကို ဘယ်လို​ရောက်သွား​လဲ၊​ ဘယ်​ထောင်​တွေ ကြား​မှာဖြတ်ခဲ့​ရ​သေး​လဲ။ ပခုက္ကူက​နေ ဘယ်​တွေ​ရောက်သွား​လဲ။ “ပခုက္ကူက​နေ အမိန့်​ချပြီး​ချင်း​ တပတ်​ကျော်​ကျော်မှာ ကျမကို ​ထောင်​ပြောင်း​လာတယ်။ ကသာ​ပြောင်း​ရမယ်လို့​ ​ပြောတယ်။ ​ရွှေဘို​ထောင်ကို အရင်ပို့​တယ်။ အဲဒီမှာ ၂ ရက်နဲ့​ ၃ ညနား​တယ်။ ပြီး​တော့​မှ ကသာ​ထောင်ကိုပို့​တယ်။ ကသာ​ထောင်ကို​ရောက်​တော့​ ကသာ​ထောင်မှာ ၂ နှစ်​နေရတယ်။ ၂ နှစ်တိတိပြည့်​တော့​ ကသာ​ထောင်က ပြန်လွတ်လာတယ်။” အဲဒီ​တော့​ ကသာ​ထောင်ထဲမှာ ​နေခဲ့​ရတဲ့​အ​တွေ့​အကြုံအရ ​နောက်ဘယ်သူ​တွေနဲ့​ ​တွေ့​ခဲ့​ရလဲ။ ​နောက်​တော့​ အမှတ်တရ အဖြစ်အပျက်​လေး​တွေ ​ပြောပြ​ပေး​ပါလား​။ “ကသာ​ထောင်မှာက မမီး​မီး​နဲ့​တွေ့​ရတယ်။ မမီး​မီး​ ​ရောက်လာတယ်။ ကျမ​ရောက်ပြီး​ ၁၅ ရက်​လောက်ကြာမှ မချို(လမ်း​မ​တော်) ​ရောက်လာတယ်။ ကျမတို့​ သုံး​ယောက်အတူတူပဲ။ မမီး​မီး​ကို​တော့​ အ​ပေါ်မှာထား​တာ။ ခက်တာက ​ထောင်ကလည်း​ သီး​သန့်​တိုက်ဝန်း​မရှိ​တော့​ မမီး​မီး​က တ​ယောက်တည်း​အ​ပေါ်မှာ၊​ ​အောက်မှာတခြား​ အကျဉ်း​သူ​တွေနဲ့​ ကျမတို့​ပေါ့​။ ကျမက က​လေး​တွေစာသင်တာ​တော့​ ထူး​ထူး​ခြား​ခြား​ပဲ။ စာမသင်ဖြစ်​တော့​ဘူး​ထင်တာ။ ကျမက အရင်တုန်း​က ဆရာမကို၊​ အဲဒီ​ရောက်​တော့​ က​လေး​တွေက မူကြို​လေး​ငါး​နှစ် က​လေး​တွေ​တွေ့​တယ်။ ​ထောင်က ရိုး​ရိုး​ အကျဉ်း​သူ​တွေ ​မွေး​ထား​တဲ့​က​လေး​တွေ၊​ ​လေး​ငါး​ခြောက်​ယောက်​လောက်ရှိမယ်။ အဲဒီက​လေး​တွေကို စာစသင်တာ​ပေါ့​။ စိတ်မ​ကောင်း​စရာ တခုက သူတို့​က မူး​ယစ်​ဆေး​ဝါး​ကို ​ရောင်း​နေတာ။ မိရိုး​ဖလာလို ​ရောင်း​နေတာ။ အဲဒီအမှုနဲ့​ ​ထောင်ကျ​နေတာ။ မူး​ယစ်​ဆေး​ဝါး​ရဲ့​ ဆိုး​ကျိုး​တွေကို မသိဘူး​။ မသိ​တော့​ ​တော်​တော်​တော့​ စိတ်မ​ကောင်း​စရာ​ကောင်း​တယ်။ အသိဥာဏ်မဲ့​မှု​တွေ​ပေါ့​။” နောက်တခြား​ ဘာအခက်အခဲ​တွေ ကြုံခဲ့​ရ​သေး​လဲ။ “အခက်အခဲ​တော့​ မရှိပါဘူး​။ ပထမတုန်း​က​တော့​ တခြား​အကျဉ်း​သူ​တွေနဲ့​ ​ရော​နေရတာဆို​တော့​ နည်း​နည်း​တော့​ စိတ်ပျက်တယ်။ သီး​သန့်​လုပ်မ​ပေး​တဲ့​အတွက် စိတ်ပျက်တယ်။ ​နောက်ပိုင်း​စဉ်း​စား​မိတာက စိတ်ပျက်​နေလို့​ ဘာမှမထူး​ဘူး​။ ကြိုး​စား​လုပ်မယ်ဆိုရင် လုပ်လို့​ရတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီအထဲက​နေ ဘာယူနိုင်လဲလို့​ အရင်စဉ်း​စား​လိုက်တယ်။ ဒီအကျဉ်း​သူ​တွေဆီက​နေ၊​ သာမာန်ပြည်သူလူထု​တွေဆီက​နေ၊​ အနည်း​ဆုံး​ ကိုယ်ရသ​လောက် သတင်း​အချက်အလက် အကုန်ကိုယူလိုက်တာပဲ။ ဒီတခု​တော့​ ​တော်​တော်ကို အကျိုး​ရှိတယ်။ ၂ နှစ်နဲ့​ ​လေး​လအတွင်း​ကို ရိုး​ရိုး​အကျဉ်း​သူ​တွေဆီက သူတို့​အ​ခြေအ​နေအ​ကြောင်း​၊​ သူတို့​ဘဝ​တွေအ​ကြောင်း​၊​ သူတို့​ဒေသ​တွေအ​ကြောင်း​၊​ အများ​ကြီး​ သတင်း​အချက်အလက် ယူလာနိုင်တယ်။” မလှလှဝင်း​တို့​ ​ထောင်ထဲမှာ​ရောက်​နေတဲ့​ အချိန်မှာ ပြင်ပမှာ မလှလှဝင်း​တို့​လို သတင်း​ထောက်​တွေ လွတ်​မြောက်ဖို့​ လှုပ်ရှား​မှု​တွေ နည်း​မျိုး​စုံနဲ့​လုပ်ခဲ့​တာ​ပေါ့​။ ​နောက် ၂၀၁၀ မှာလည်း​ ကင်ဂျိနာဂအိရဲ့​ သတင်း​ထောက်ဆု ဆိုပြီး​တော့​ မလှလှဝင်း​ကို ချီး​မြှင့်​ခဲ့​တယ်။ ဒီလိုမျိုး​ နိုင်ငံတကာက​နေ အသိအမှတ်ပြုပြီး​ ကြိုး​စား​လှုပ်ရှား​ခဲ့​တဲ့​အ​ပေါ်မှာ ဘယ်လိုမျိုး​မှတ်ချက်​ပေး​ချင်လဲ။ “ကျမတို့​ ​ထောင်ထဲကို သတင်း​တွေ​ရောက်လာတယ်။ ကျမဆုရတယ်။ အပြင်ကန်ပိန်း​တွေ လုပ်​နေတယ်လို့​ ကြား​တယ်။ အရမ်း​ကို​ကျေး​ဇူး​တင်ပါတယ်။ ဒါက သူတို့​လည်း​ သူတို့​တတ်နိုင်တဲ့​ဘက်က တတ်နိုင်သ​လောက် ကျမတို့​လွတ်​မြောက်ဖို့​ ကြိုး​စား​လုပ်ကိုင်ကြတာပဲ။ ​ကျေး​ဇူး​တင်ရမှာ​ပေါ့​။ အဖွဲ့​အစည်း​ ​တော်​တော်များ​များ​ကို ​ကျေး​ဇူး​တင်တယ်လို့​ ​ပြောချင်တယ်။ ဒီဆုနဲ့​ပတ်သက်ပြီး​တော့​ ဆုက တအား​ကောင်း​နေ​တော့​ တန်​ကောတန်ရဲ့​လား​လို့​ စဉ်း​စား​မိတယ်။” နောက်တခုက ကျ​နော်တို့​ဒီဗွီဘီနဲ့​ ပတ်သက်လို့​ ပွင့်​ပွင့်​လင်း​လင်း​ ​မေး​ပါရ​စေ။ ​ထောင်ကျ​နေတုန်း​က​ကော ဒီဗွီဘီက​နေ တစုံတရာ အကူအညီရတာ​ကော ရှိလား​။ အကူအညီမ​ရောက်ဘူး​၊​ အသံ​တွေလည်း​ ကြား​နေရ​တော့​လေ။ အဲဒီအ​ပေါ်မှာ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောပြ​ပေး​လို့​ ရမလား​။ “ရပါတယ်။ အကူအညီက​တော့​ အထဲမှာရတယ်။ ဒီဗွီဘီက ​ပေး​တယ်လို့​ ​ပြောတာပဲ။ ကျမရသင့်​သ​လောက် ​တော်​တော်များ​များ​ ရပါတယ်။ ဒါ​ပေမယ့်​ သူတို့​ပြောသ​လောက် အ​ရေအတွက်က​တော့​ နည်း​နည်း​ကွာတာ​ပေါ့​။ အဲဒါနဲ့​ပတ်သက်ပြီး​ ဘာမှမ​ဖြေရှင်း​ချင်​တော့​ဘူး​။ ကိုယ်လည်း​ အထဲမှာ စုတ်စုတ်ပြတ်ပြတ် ပင်ပင်ပန်း​ပန်း​ မ​နေခဲ့​ရဘူး​။ အဲဒီအတွက် ​ငွေ​ရေး​ကြေး​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ သိပ်မရှင်း​ချင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သူတို့​ ကျမကို​ပေး​ပါတယ်။” မလှလှဝင်း​တို့​လို သတင်း​ထောက်​တွေက ပြည်တွင်း​မှာ ​ထောင်ကျခံပြီး​ လုပ်​နေတဲ့​အချိန်မှာ ပြင်ပမှာ ​ငွေ​ကြေး​အရှုပ်​တော်ပုံ​တွေ ​ပေါ်​နေတဲ့​အ​ပေါ်မှာ ဘယ်လိုခံစား​ရလဲ။ “စိတ်မ​ကောင်း​ဘူး​ပေါ့​။ ကိုယ့်​အချင်း​ချင်း​တွေ​လေ၊​ ဒီ​လောက်ကြီး​ဖြစ်စရာမှ မလိုတာ၊​ အထူး​သဖြင့်​ ​ငွေ​ကြေး​ဆိုတဲ့​ဟာ​တွေ ပိုစိတ်မ​ကောင်း​ဘူး​။ ပန်း​တိုင်က ဘာလဲ အရင် စဉ်း​စား​ရမှာ​လေ။ တခါတ​လေ တချို့​လုပ်ရပ်​တွေက ပန်း​တိုင်​ပျောက်သွား​တယ်။ စိတ်မ​ကောင်း​ဘူး​။ အချင်း​ချင်း​တွေ ဒီလိုမျိုး​ မဖြစ်​စေချင်ဘူး​။ အ​ရေး​ကြီး​တဲ့​အချိန်မှာ ပိုပြီး​တော့​ ညီညီညွတ်ညွတ်နဲ့​ ရှိသင့်​တယ်လို့​ ထင်တယ်။ အခုပြည်ပမှာ ရပ်တည်​နေတဲ့​ မြန်မာပြည်အတွက် ရပ်တည်​နေတဲ့​ သတင်း​ဌာန​တွေအ​နေနဲ့​ ကျမက ပန်း​တိုင်မ​ပျောက်​စေချင်ဘူး​။ ဒီထက်အ​ကောင်း​ဆုံး​ ကြိုး​စား​ပြီး​ အတူတူ လက်တွဲပြီး​တော့​ လုပ်သွား​ချင်တယ်လို့​ ​ပြောချင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024