DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျသံဃာ အနည်းဆုံး ၆၀ နီးပါးကျန်ရှိနေ
DVB
·
January 29, 2012
အကျဉ်းကျသံဃာ အနည်းဆုံး ၆၀ နီးပါးကျန်ရှိနေ
Donate to DVB

သမ္မတဦးသိန်းစိန်အစိုးရက သံဃာတော်တွေ အပါဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံတွင်းမှာ  အကျဉ်းကျနေတဲ့ သံဃာတော်အရေအတွက် အနည်းဆုံး ၅၀ ၀န်းကျင် ကျန်ရှိနေ သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အကျဉ်းကျသံဃာတွေရဲ့ ထောင်ဝင်စာ ရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ရှုက “သိသလောက်ဆိုရင်တော့ အပါး ၅၀ လောက်တော့ ရှိတယ်။ ဒါ အန်တီဆီက စာရင်းနော်၊ ဒီပြင်စာရင်းတွေကတော့ မပြောတတ်ဘူး။ အနည်းဆုံး ကိုယ်မသိတာတွေရောဆိုရင် ၆၀ လောက်တော့ ရှိမှာပေါ့။ အဓိကတော့ မြစ်ကြီးနားထောင်၊ မန္တလေးထောင်ထဲမှာလည်း ကျောက်ဆည်ကိစ္စနဲ့ ပတ်သက်ပြီး ထည့်ထားတာတွေ ရှိသေးတယ်။ မန္တလေးထောင်မှာ ၄၅ ပါး ရှိတယ်။ ရန်ကုန်ထောင်မှာလည်း ရှိတယ်။ ဒီပြင် မြို့နယ်တို့ ပြည်နယ်တို့ ထောင်တွေမှာလည်း ရှိဦးမှာပဲ။”

ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ပြုစုထားတာဖြစ်ပြီး  ဒီထက် ပိုများနိုင်သေးတယ်လို့ လည်း ဒေါ်ရှုက ပြောပါတယ်။

အကျဉ်းကျသံဃာအများစုဟာ မန္တလေးအိုးဘိုထောင်မှာ အကျဉ်းကျ နေတာဖြစ်ပြီး ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းကာလအတွင်းက အဖမ်းခံရတဲ့ သံဃာတော်တွေသာမက ကျောက်ဆည် ဘာသာရေး အဓိကရုဏ်း ကာလတွင်းက အဖမ်းခံရတဲ့ သံဃာတော်တွေလည်း မလွတ်မြောက်ဘဲ ကျန်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့  အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ရွှေဝါရောင် သဃာ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရှင်ဂမ္ဘီရအပါအ၀င် သံဃာတော်တချို့ ပြန်လွတ်လာခဲ့ပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို စာရင်းပြုစုကူညီပေးနေတဲ့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မနှင်းနှင်းမွှေးကတော့  လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ သံဃာတော်အရေအတွက် အားလုံး ဘယ်လောက်ရှိမယ် အတိအကျ မသိပေမယ့် ပြန်လွှတ်လာတဲ့ သံဃာတော်တွေထဲက အပါး ၃၀ ကျော်ကို သိက္ခာ ထပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

“ကျန်နေသေးတဲ့ သံဃာစာရင်းကို လောလောဆယ်တော့ ပြုစုနေဆဲပါ။ အခုတော့ လွတ်တဲ့သံဃာတွေ သိက္ခာထပ်ပွဲတွေ လုပ်ပေးတတဲ့အခါ လာတဲ့ သံဃာ အပါးသုံးဆယ်ကျော်လောက်လာတယ်။ ဘုန်းကြီးတွေ ပြောကြတာကတော့ အပါး ၁၀၀ ကျော်လောက် အဖမ်းခံရတယ်ပေါ့နော်။ အဲဒီမှာ အနည်းဆုံး လွတ်တဲ့ဟာက တ၀က်လောက်ပဲ ဆိုတော့လေ။ အဲဒီစာရင်းတွေကို ကျမတို့က သေချာ ပြန်လိုက်ကောက်ရဦးမှာ။ တချို့ကျတော့လည်း ရဲဘက်စခန်းကို အပို့ခံရတယ်။ ၄၀ ကျော်လောက်တော့ ကျန်ဦးမယ်လို့ ခန့်မှန်းရတာပေါ့နော်။ တချို့ကျတော့ တသက်လုံး ဘုန်းကြီးဝတ်လာတော့ မိသားစုနဲ့ အလှမ်းဝေးတဲ့ သံဃာတွေလည်း ရှိတာပေါ့။ တယောက် နှစ်ယောက် အဆက်အသွယ်က အလှမ်းဝေးနေတယ်။ လွတ်လာတဲ့ သူတွေဆီက ပြောစကားကို ပြန်ပြီး စာရင်းပြုစုရတာ ဆိုတော့။”

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကတော့ အကျဉ်းထောင်ထဲမှာ  နိုင်ငံရေး အကျဉ်းသားပေါင်း  ၃၇၀ ကျော် ကျန်နေသေးတယ်လို့ ပြောပါတယ်။

ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ-ဘီ ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ ပြန်လွတ်မလာခင်အထိ  အကျဉ်းကျသံဃာ အပါး ၁၉၀ လောက်ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013