A d v e r t i s e m e n t With Us

ဒီမိုကရေစီရေး မပြီးပြတ်သေးဟု ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းစဉ် မပြီးပြတ်သေးတဲ့ အကြောင်းနဲ့ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့​ ​မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက​ ​ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပထမဆုံးအကြိမ် တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးစိုးသိန်းက ရိုက်တာသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်တာပါ။ ၀န်ကြီး ဦးစိုးသိန်းက “အတော်များများ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ မကြာခင် အနာဂတ်ကာလမှာ လုပ်စရာတွေ တပုံကြီး ရှိနေပါတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ် မပြီးသေးပါဘူး။ နိုင်ငံရေးမှာသာမက စီးပွားရေး ကဏ္ဍမှာရော ဥပဒေတွ၊ နည်းနာ၊  လုပ်ထုံးလုပ်နည်းတွေ၊ အဖွဲ့အစည်းတွေ အတွင်းမှာပါ ပြုပြင်မှု၊ ပြောင်းလဲမှုတွေ အများကြီး လုပ်ဆာင်ရပါဦးမယ်။ ဒါပေမယ့် ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ ကိစ္စကတော့ ပိတ်ဆို့ဒဏ်ခတ်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်”လို့ ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းနှီးနှီးဆက်ဆံဖို့ ကမ္ဘာ့ အသိုင်းအ၀န်း၊ ကမ္ဘာသူကမ္ဘာသားတွေ အားလုံးနဲ့ ၀င်ဆံ့အောင် ဆောင်ရွက်နေကြောင်းနဲ့ တရုတ်နဲ့ သာမက အမေရိကန်၊ အီးယူနဲ့ တခြား နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနီးချင်ပါတယ်။ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ လာအိုတွေနဲ့ ရော ရင်းနှီးချင်ပါတယ်လို့ ပြောပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒါဗို့စ်ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ  နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၀ လောက်နဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားဆုံရပ်မှာ တည်ရှိပြီး  စွမ်းအင်၊ ငါးဖမ်းလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အလားအလာ ရှိတဲ့အကြောင်း   ပြည်ပရင်းနှီးမြှုပ်နှံမူတွေ တိုးလာအောင် ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး သူရ ဦးသောင်းလွင်ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်ကြာ အခွန်ကင်းလွတ်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ သတင်းထောက်တွေကို ထုတ်ဖော် ပြောကြားခဲ့တဲ့အကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ပြန်လည် စိစစ်ပြင်ဆင်မှာ ဖြစ်တဲ့အကြောင်း၊  အိမ်နီးချင်း နိုင်ငံတွေထက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်နိုင်ဖို့ နိုင်ငံခြားက အကြံပေးတွေ ငှားရမ်းပြီး ဥပဒေပြင်ဆင် ရေးဆွဲခိုင်းထားတယ်လို့ ၀န်ကြီးက ပြောပါတယ်။ ဒီဥပဒေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်အထိ အခွန်ကင်းလွတ်ခွင့် ပေးမှာဖြစ်ပြီး​ ​မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရှိတယ်ဆိုရင် မက်လုံးတွေ ပိုတိုးပေးသွားမယ်လို့ ၀န်ကြီး သူရဦးသောင်းလွင်က ပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ရေးဆွဲပြီးသွားပြီ ဖြစ်ပြီး ဖေဖော်ဝါရီလလောက်မှာ ဥပဒေထွက်လာလိမ်မယ်လို့ မြန်မာဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up