မြန်မာ့အသက်အငယ်ဆုံး ဆိုင်ကယ်အလှပြစီးသမား မရွှေမှူးသာ (ဓာတ်ပုံ)
DVB
·
May 7, 2017
မြန်မာနိုင်ငံက အသက်အငယ်ဆုံး ဆိုင်ကယ်အလှပြစီးသူ မရွှေမှူးသာဟာ ၅၀ စီစီ အင်ဂျင်တပ် ၄ ဘီးဆိုင်ကယ်နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ဆိုင်ကယ်ပွဲတော်မှာ အလှပြစီးနင်းခဲ့ ပါတယ်။
မရွှေမှူးသာဟာ အသက် ၆နှစ်အရွယ်ရှိပြီး လာမည့်နှစ် ပထမတန်း တက်ရောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကို ၃ ယောက်ဟာလည်း ဆိုင်ကယ်သမားတွေဖြစ်တာကြောင့် ဆိုင်ကယ်စီး ဝါသနာပါလာပြီး ခုလို အလှပြစီးနင်းခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- ၀ဏ္ဏဆွေ