A d v e r t i s e m e n t With Us

မိုနာဂိုတိုက္စစ္မႉး အမ္ဘာပီကို ခေါ်ယူရန် အာဆင်နယ် အသင့်ဖြစ်နေ

အာဆင်နယ်အသင်းဟာ ရီးရဲအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ မိုနာကိုအသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပီ ကိုခေါ်ယူဖို့ လက်မလျော့သေးဘူးလို့သိရပါတယ်။ အာဆင်နယ် တာဝန်ရှိသူတွေကတော့ မိုနာကိုအသင်း အမ်ဘာပီအတွက် ရရှိလိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းကိုလည်းပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမ်ဘာပီ အပြောင်းအရွှေ့ဖြစ်ခဲ့ပါကလည်း အဓိကတိုက်စစ်မှူးနေရာမှာ ကစားလိုတာဖြစ်ပြီးတော့ အမြဲတမ်းပွဲထွက်လူစာရင်းမှာပါဝင်ကစား လိုနေတာဖြစ်ပါတယ်။ အသင်းရဲ့အဓိကကစားသမားအလက်ဆစ်ဆန်းချက်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာ PSGအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ပါက အမ်ဘာပီအပြင်၊ ဒေါ့မန်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်၊ ရှော်ကေးအသင်းက ကိုလာဆီနစ် တို့ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up