A d v e r t i s e m e n t With Us

ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ကျောက်ပန်းတောင်းမြို့ အနောက်ဘက် တမိုင်ခန့်အကွာ ရွာအိုကျေးရွာတွင်  မေ ၆ ရက် ညနေ ၅ နာရီလောက်က ရေခဲသေတ္တာ အပူလွန်ကဲရာက နေအိမ်တလုံး နဲ့ ဈေးဆိုင်တဆိုင်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဦးဖိုးထူး မိသားစုက ရေခဲသေတ္တာကို မီးဖွင့်ထားခဲ့ပြီး ရွာဦးဘုန်းကြီးကျောင်း အလှူကို မနက်မိုးလင်းကတည်းကသွားရာ အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၆ သိန်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကို ကျောက်ပန်းတောင်းမြို့ မီးသတ်စခန်း ၂ ခုက မီးသတ်ယာဉ် ၃ စီးနဲ့ အတူ သန္ဓေ ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦးနဲ့ ကျေးရွာသူ/သားများ စုပေါင်းငြှိမ်းသက်ခဲ့ကြရာ ၁၀ မိနစ် လောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မြို့မရဲစခန်းက ဦးဖိုးထူးကို မီးပေါ့ဆစွာ အသုံးပြုမှုနဲ့ ရာဇသတ်ကြီးပုဒ်မ -၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - အာကာမင်း

A d v e r t i s e m e n t With Us

More News
Up