Home
မြန်မာသတင်း
မြန်မာ့စစ်အင်အား ကမ္ဘာ့ အဆင့် ၃၂ ရောက်လာ
ပိုင်စိုး
·
May 7, 2017
မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ ကမ္ဘာ့အဆင့် ၃၂ ကို ရောက်လာတယ်လို့ ကမ္ဘာ့ နိုင်ငံတွေရဲ့ စစ်လက်နက်အင်အား အခြေအနေတွေကို တွက်ချက်နှစ်စဉ်ထုတ်ပြန်နေတဲ့  Global Fire Power ၀က်ဆိုက်မှာ သတ်မှတ်ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက  မြန်မာ့စစ်အင်အားဟာ  ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံမှာ အဆင့် ၄၄ ရှိခဲ့ရာက အခု ၂၀၁၇  ဧပြီလကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စစ်အင်အားအညွန်းကိန်းမှာတော့ အဆင့် ၃၂ ကိုရောက်လာတာပါ။ မြန်မာနိုင်ငံမှာ တိုက်ခိုက်နိုင်တဲ့ စစ်သားအင်အားက ၄ သိန်းကျော်ရှိပြီး ကမ္ဘာ့အဆင့် ၁၅ ဖြစ်ပါတယ်။ စစ်တပ်အတွက် အသုံးစရိတ်မှာတော့ မြန်မာက ၆၁ နေရာမှာ ရှိတယ်လို့ Global Fire Power က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာ့တပ်မတော်မှာ တင့်ကားပေါင်း  ၅၉၂ စီး၊ လေယာဉ် ၂၄၉ စင်း၊ ရဟတ်ယာဉ် ၈၆ စီး၊ ရေတပ်သင်္ဘော ၁၅၅ စင်း ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာမှာ စစ်အင်အားအကြီးဆုံး ထိပ်ဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတွေ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့  အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အဆင့် ၁၄ နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ဗီယက်နမ်က ကမ္ဘာ့အဆင့် ၁၆၊ ထိုင်းက အဆင့် ၂၁၊  မြန်မာက အဆင့်၃၂၊ မလေးရှားက အဆင့် ၃၃ စသဖြင့် အစဉ်လိုက်ရှိနေတယ်လို့    ၂၀၁၇ ဧပြီ ၂၅ ရက်ကထုတ်ပြန်တဲ့  Global Fire Power စာရင်းအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024