A d v e r t i s e m e n t With Us

မီဒီယာ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ပြည်ပ သတင်း​ဌာနအချို့​ တက်​ရောက်မည်

ဒီမိုက​ရေစီလူ့​အဖွဲ့​အစည်း​မှာ ရှိသင့်​တဲ့​ မီဒီယာရဲ့​ အခန်း​ကဏ္ဍ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ဇန်နဝါရီ ၃၀ နဲ့​ ၃၁ ရက် ရန်ကုန် အင်း​ယား​လိက် ဟိုတယ်မှာ ကျင်း​ပမှာ ဖြစ်ပါတယ်။ နိုင်ငံတကာက မီဒီယာသမား​တွေ၊​ မီဒီယာဥပ​ဒေ ပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြီး​ မြန်မာနိုင်ငံစာ​ပေနဲ့​ စာနယ်ဇင်း​အဖွဲ့​နဲ့​ စင်ကာပူအ​ခြေစိုက် ​အေး​ရှား​မီဒီယာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အဖွဲ့​တို့​က​နေ မြန်မာနိုင်ငံ မီဒီယာဖွံဖြိုး​ရေး​အတွက် ကျင်း​ပတာလို့​ စီစဉ်သူ ရန်ကုန် မီဒီယာဂရုအဖွဲ့​ရဲ့​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က ရှင်း​ပြပါတယ်။ “ကျ​နော်တို့​ ဝင်​ရောက်​ဆွေး​နွေး​မှာက​တော့​ အဓိက ပြည်တွင်း​မှာရှိတဲ့​ သတင်း​မီဒီယာ​တွေ အ​နေနဲ့​ လက်​တွေ့​ဆောင်ရွက်​နေတဲ့​ ပုဂ္ဂလိက သတင်း​မီဒီယာများ​မှ ဝါရင့်​အယ်ဒီတာများ​၊​ အကြီး​တန်း​အယ်ဒီတာများ​၊​ ပိုင်ရှင်​တွေ သူတို့​တွေကို ကျ​နော်ဖိတ်ထား​တယ်။ ကျ​နော်တို့​ အခုလာမယ့်​ တကယ်​သေချာတဲ့​ သူက​တော့​ ဘီဘီစီက ​ဒေါ်တင်ထား​ဆွေလာမယ်။ ဗွီအို​အေ ဌာနမှူး​ ဦး​သန်း​လွင်ထွန်း​လာမယ်၊​ အစိုး​ရသတင်း​မီဒီယာ ထုတ်ပြန်​ရေး​အဖွဲ့​နဲ့​ပတ်သက်ပြီး​တော့​ ထုတ်ပြန်​ရေး​အဖွဲ့​လေး​တွေ ဝန်ကြီး​ဌာနက ကိုယ်စား​လှယ်​တွေ အဲဒါ​တွေကို ဖိတ်ထား​တယ်။ သူတို့​လာ မလာ​တော့​ မသိဘူး​။ ဖိတ်ကြား​ထား​တဲ့​ စာရင်း​ထဲမှာပါတယ်။” ဒါ့​အပြင် ​ဆွေး​နွေး​မယ့်​သူ ၇၀ ​လောက်ကိုလည်း​ ဖိတ်ထား​တယ်လို့​ ဦး​ကိုကိုက ​ပြောပါတယ်။ ၂ ရက်ကြာ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ပြီး​ သူက ဆက်လက်​ပြောဆိုပါတယ်။ “အဓိက​တော့​ နံပါတ်တစ်က​တော့​ ဒီမိုက​ရေစီနဲ့​ လူ့​အဖွဲ့​အစည်း​မှာ စီး​ဆင်း​တဲ့​ မီဒီယာ​တွေနဲ့​ ပတ်သက်ပြီး​တော့​ပြောမယ်။ မီဒီယာ​တွေရဲ့​ အခန်း​ကဏ္ဍ​တွေ ​ဆွေး​နွေး​မယ်။ ​နောက်တခါ ဒီမိုက​ရေစီ နိုင်ငံ​တွေမှာ ရှိတဲ့​ မီဒီယာဥပ​ဒေ​တွေ ဘယ်လို ဥပ​ဒေ​တွေရှိသလည်း​၊​ ဘယ်လို ဥပ​ဒေမျိုး​က မရှိသင့်​ဘူး​လည်း​၊​ ဒါမျိုး​တွေကို ဆက်ပြီး​ ​ဆွေး​နွေး​မှာမျိုး​တွေလည်း​ ပါတယ်။ ​နောက်တခု အစိုး​ရဌာနများ​က​နေ ပုဂ္ဂလိက သတင်း​မီဒီယာ​တွေက ပြည်သူ​တွေကို သတင်း​တွေဘယ်လို ဖြန့်​ပေး​မလဲဆိုတဲ့​ ​ခေါင်း​စဉ်​တွေလည်း​ ပါတယ်။ အဲဒါက ပထမ​နေ့​ ​ဆွေး​နွေး​ပွဲ။ “ဒုတိယ​နေ့​ အကြီး​အကျယ် ​ဆွေး​နွေး​မယ့်​ကိစ္စ​တွေက မီဒီယာ ဥပ​ဒေကိစ္စ​တွေ ပါလာမယ်။ ဥပ​ဒေပြုကိစ္စ​တွေ ထပ်​ဆွေး​နွေး​မယ်၊​ အဲဒါ​တော့​ တံခါး​ပိတ် အစည်း​အ​ဝေး​ သ​ဘောမျိုး​ လူ ၄၀ ​လောက် ​ဆွေး​နွေး​မယ်။ ​နောက်တခါ ကျင့်​ဝတ်ကိစ္စ​တွေ၊​ မြန်မာနိုင်ငံမှာ မီဒီယာကျင့်​ဝတ်နဲ့​ ပတ်သက်ပြီး​ ကျ​နော်တို့​ ​ဆောင်ရွက်​နေတာ​တွေပါမယ်။ အဓိကအချက်က ကျ​နော်တို့​ တနှစ်အတွင်း​မှာ ဒီပလိုမာ အဆင့်​လောက်ထိ ​ပေး​နိုင်မယ့်​ ဂျာနယ်လစ် သင်တန်း​ကျောင်း​လေး​ တခု တည်​ထောင်ဖို့​ရှိတယ်။” လာမယ့်​ ရက်​တွေမှာ ကျင်း​ပမယ့်​ မီဒီယာဖိုရမ်ဟာ မြန်မာနိုင်ငံမှာ ပထမဦး​ဆုံး​ နိုင်ငံတကာ ပညာရှင်​တွေနဲ့​ ကျင်း​ပမယ့်​ ပွဲလည်း​ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up