A d v e r t i s e m e n t With Us

ဝရန်တာမှ ပြုတ်ကျလာသည့် ကလေးကို ဈေးသည်တဦး ကယ်တင် (ရုပ်သံ)

တူရကီနိုင်ငံ အန်ကာရာမြို့ရဲ့ သုံးထပ်တိုက် ဝရန်တာပေါ်မှာ ၂ နှစ်အရွယ် ကလေးတဦး တွဲလွဲခိုနေတာ မြင်ပြီး ဈေးသည်တဦးက အပြေးသွားကာ ပြုတ်ကျလာတဲ့ ကလေးအသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အီလစ်ဖ်ဆိုတဲ့ ကလေးက အခန်းအပြင်ဘက်မှာ ကစားရင်း ဟန်ချက်ပျက်သွားကာ သုံးထပ်တိုက်အပေါ်ကနေ ပြုတ်ကျတာလို့ မေရာရဲ့ မေလ ၅ ရက်နေ့သတင်းမှာ ရေးထားတာပါ။ ကလေးက ဝရန်တာရဲ့ လက်ရမ်းပေါ် တွဲလွဲခိုနေပြီး အဲဒီနောက် ဈေးသည်မာမက်တာပစ်က မြင်ခဲ့တာပါ။ စီစီတီဗွီမှာ ဖမ်းယူရိုက်ကူးမိတဲ့ ရုပ်သံမှာ ဖြတ်သွားဖြတ်လာ ရပ်ကြည့်သူတွေက စိုးရိမ်နေကြချိန်မှာ မာမက်က အီလစ်ဖ်လေးကို လက်လွှတ်ချဖို့ ပြောလိုက်ပြီး ကလေးပြုတ်ကျလာချိန်မှာ သူက ကလေးကို အမိအရ ဖမ်းယူနိုင်လိုက်တာကို မြင်ရမှာပါ။ “ကျနော် အလုပ်မှာ ရှိနေတုန်း အိမ်ဝရန်တာကနေ တွဲလွဲခိုနေတဲ့ ကလေးကို တွေ့တာ” လို့ ဒေသခံသတင်းစာကို ကုန်ခြောက်ဆိုင်မှာ အလုပ်လုပ်တဲ့ မာမက်က ပြောခဲ့ပါတယ်။ “ကျနော်လည်း အမြန်ပြေးပြီး နောက် ကျနော့်သူငယ်ချင်းတွေလည်း ပြေးလိုက်လာကြတယ်၊ ကလေးကတော့ အရမ်းထိတ်လန့်နေတာပေါ့။ ဒါပေမယ့် ကျနော်တို့ ကလေးကို အန္တရာယ်ကင်းကင်းနဲ့ မိသားစုလက်ထဲ ထည့်လိုက်နိုင်ပါတယ် ဘာမှမဖြစ်လို့ တော်သေးတာပေါ့” လို့ မာမက်ကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up