A d v e r t i s e m e n t With Us

အိုင်အယ်လ်အို အရာရှိများ​ အဓမ္မလုပ်အား​ပေး​ကိစ္စွ ရန်ကုန်တွင် ​ဆွေး​နွေး

ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) က လက်​ထောက်ညွှန်ကြား​ရေး​မှူး​ Guy Ryder နဲ့​အဖွဲ့​ မြန်မာနိုင်ငံ ​ရောက်ရှိ​နေပြီး​ ဒီက​နေ့​ ရန်ကုန်မြို့​ ကုန်သည်ကြီး​များ​ ဟိုတယ်မှာ မြန်မာပြည်တွင်း​က လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေနဲ့​ ​တွေ့​ဆုံပြီး​ အဓမ္မလုပ်အား​ပေး​ကိစ္စနဲ့​ အလုပ်သမား​ အခွင့်​အ​ရေး​ ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ ဆွေး​နွေး​ပွဲမှာ မြန်မာပြည်အနှံ့​က အဓမ္မလုပ်အား​ပေး​ ​စေခိုင်း​ခံရသူ​တွေအ​ရေး​ ကူညီ​ဆောင်ရွက် ​ပေး​နေသူ​တွေ၊​ အလုပ်သမား​တွေနဲ့​လယ်သမား​တွေ အပါအဝင် လူဦး​ရေ ၁၀၀ ဝန်း​ကျင် တက်​ရောက်ခဲ့​ပါတယ်။ ဆွေး​နွေး​ပွဲတက်​ရောက်တဲ့​ အိုင်အယ်လ်အို ဆက်သွယ်ကူညီ​ဆောင်ရွက်သူများ​ ကွန်ရက်တာဝန်ခံ ဦး​သက်​ဝေက အခုလို​ပြောပါတယ်။ “ကျ​နော်တို့​ဘက်က လွတ်လပ်စွာ သင်း​ပင်း​ဖွဲ့​စည်း​ခွင့်​နဲ့​ ပတ်သက်ပြီး​တော့​ အခု လွှတ်​တော်က​နေ ဥပ​ဒေကြမ်း​ ထုတ်လိုက်တယ်။ အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ ဟိုတုန်း​က ဖဆပလ ပါလီမန် လက်ထက်တုန်း​က ဥပ​ဒေ​ပေါ့​။ အလုပ်သမား​အခွင့်​အ​ရေး​ကာကွယ်တဲ့​ ဥပ​ဒေအချက် ၃၀ ကို ပြန်လည်ပြီး​တော့​ အသက်ဝင်​အောင် ​ဆောင်ရွက်​ပေး​ဖို့​ အကြံ​ပေး​တိုက်တွန်း​ခဲ့​တယ်။ “အဓမ္မ အလုပ်ခိုင်း​စေမှု​တွေ၊​ လိမ်လည် ​သွေး​ဆောင်ဖြား​ယောင်း​ပြီး​တော့​ လုပ်ခ​ကြေး​ငွေ​တွေကို မက်​လောက်​အောင် ​ပေး​ပါမယ်လို့​ နှုတ်ကတိ​ပေး​ပြီး​ လုပ်ခ​ကြေး​ငွေ​တွေက နည်း​ပြီး​၊​ ပြန်လို့​မရ​အောင် မှတ်ပုံတင်​တွေ သိမ်း​ထား​တာ၊​ အလုပ်သမား​တွေက လုပ်ခလစာနဲ့​ မညီမျှတဲ့​ လုပ်အား​ပေး​အလုပ်ကို လုပ်​ပေး​နေရတဲ့​အတွက် ပြန်ချင်တဲ့​အခါမှာ ပြန်မရဘဲနဲ့​ ​နောက်ဆုံး​မှာ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှု​တွေလည်း​ မရှိဘူး​။ “အလုပ်က​နေထွက်ပြီး​ ပြန်မယ်ဆိုရင် ဖမ်း​ဆီး​ပြီး​တော့​ ​ထောင်ချထား​တယ် ဆိုတာ​တွေကို ဒီ​နေ့​တက်​ရောက်လာတဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ရောက်လာတဲ့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်ခဲ့​တဲ့​ ကိုမျိုး​မင်း​က ​ဆွေး​နွေး​တယ်။ ဒီကိစ္စ​တွေအ​ပေါ်မှာ သူတို့​အ​နေနဲ့​ တိုင်တန်း​မှု​တွေရှိမယ်ဆိုရင် အဲဒီ​ဒေသ​တွေကို ကိုယ်တိုင်ကိုယ်ကျ သွား​ပြီး​တော့​ ​လေ့​လာစုံစမ်း​ပြီး​ ​ဆောင်ရွက်ဖို့​ကို အလုပ်သမား​ဝန်ကြီး​ဌာနကို တိုက်တွန်း​မယ်လို့​ ​ပြောသွား​တယ်။” ကွန်ရက်အ​နေနဲ့​ မြန်မာနိုင်ငံတွင်း​က အဓမ္မလုပ်အား​ပေး​စေခိုင်း​မှု ဖြစ်ပွား​လေ့​ရှိတဲ့​ ​ဒေသ​တွေမှာ ရုံး​ခွဲ​တွေ ဖွင့်​လှစ်​ပေး​ဖို့​နဲ့​ အထက်မြန်မာပြည်မှာ အိုင်အယ်လ်အို ဆက်သွယ်​ရေး​ရုံး​ဖွင့်​ဖို့​ အိုင်အယ်လ်အို အရာရှိ​တွေကို သ​ဘောထား​ ​ကြေညာချက်တ​စောင် ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​တယ်လို့​လည်း​ ကွန်ရက်ရဲ့​ ပြန်ကြား​ရေး​တာဝန်ခံ မငြိမ်း​ချမ်း​မေက ​ပြောပါတယ်။ “ကျမတို့​ ဒီ​နေ့​စာတမ်း​ထဲမှာ အဓိက ​ထောက်ပြချင်တဲ့​ အရာက​တော့​ လွတ်လပ်စွာအသင်း​ပင်း​ ဖွဲ့​စည်း​ခွင့်​ရယ်၊​ အလုပ်သမား​ လူတန်း​စား​တွေရဲ့​ နစ်နာမှု​တွေကို အိုင်အယ်လ်အိုအ​နေနဲ့​ ဘယ်လိုမျိုး​ ပိုမိုပြီး​ ​ကောင်း​မွန်စွာ ​ဆောင်ရွက်နိုင်မယ် ဆိုတာရယ်၊​ ​နောက်ပြီး​တော့​ ဒီလိုမျိုး​ ဖြစ်ပျက်​နေတဲ့​ အလုပ်သမား​တွေနဲ့​အတူ ကျမတို့​ အိုင်အယ်လ်အိုနဲ့​ ဆက်သွယ်​ဆောင်ရွက်သူများ​ ကွန်ရက်က​နေ တသား​တည်း​ ရပ်တည်မယ်ဆိုတဲ့​ ​ကြေညာချက်​တွေ ​ကြေညာခဲ့​ပါတယ်။” ဒါ့​ပြင် လွတ်လပ်တဲ့​ အသင်း​အပင်း​တွေ ဖွဲ့​စည်း​ခွင့်​ပေး​ဖို့​၊​ အဓမ္မ အလုပ်​စေခိုင်း​သူ​တွေကို ထိ​ရောက်တဲ့​ ပြစ်ဒဏ်​တွေ ချမှတ် အ​ရေး​ယူဖို့​ အိုင်အယ်လ်အိုကို လွတ်လပ်​ဘေး​ကင်း​လုံခြုံစွာ ဆက်သွယ် တိုင်တန်း​ခွင့်​ပေး​ဖို့​ကိုလည်း​ မြန်မာအစိုး​ရကို ​တောင်း​ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မခိုင်း​စေမှုများ​ ပ​ပျောက်​ရေး​အတွက် စုစည်း​ညီညွတ်စွာနဲ့​ တိုင်တန်း​ကြဖို့​ကိုလည်း​ ပြည်သူလူထုကို အိုင်အယ်လ်အို ဆက်သွယ် ကူညီ​ဆောင်ရွက်သူများ​ ကွန်ရက်က ​တောင်း​ဆိုထား​ပါတယ်။ အိုင်အယ်လ်အို အရာရှိ​တွေက​တော့​ မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အား​ပေး​ ​စေခိုင်း​မှု​တွေ ဆက်ဖြစ်​နေတာကို စိုး​ရိမ်ပူပန်တဲ့​ အ​ကြောင်း​နဲ့​ အဓမ္မ လုပ်အား​ပေး​မှု​တွေ လုံး​ဝ ပ​ပျောက်သွား​အောင် အစိုး​ရကို တိုက်တန်း​သွား​မယ်လို့​ကတိပြု ​ပြောဆိုခဲ့​တယ်လို့​သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up