Home
မြန်မာသတင်း
မြိတ်ရှော့ပင်းစင်တာတွင် မီးလောင်မှုဖြစ်ပွား
DVB
·
May 6, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကမ်းနားလမ်းရှိ ဈေးဝယ်စင်တာတစ်ခုမှာ ဒီကနေ့ မေလ ၆ရက် မွန်းလွဲပိုင်း (၁၂) နာရီခွဲလောက်က  မီးလောင်မှုတခုဖြစ်ပွားခဲ့ပါတယ်။ ကန်ကြီးနယ်မြေ သာကေတရပ်ကွက်ရှိ Myeik Shopping Center ဒုတိယအထပ်တွင် Hong Kong Kitchen တရုတ်စားသောက်ဆိုင် ဆီကြော်အိုးကနေ တဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့  သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက သိရပါတယ်။ စားသောက်ဆိုင်မှာ လောင်ကျွမ်းတဲ့မီးကြောင့် နံရံကပ်မှန်တွေ၊ စားဖိုဆောင် အသုံးအဆောင်တွေနဲ့ စားသောက်ဆိုင်နေရာတစ်ချို့ပျက်စီးသွားပြီး  မီးသတ်သမားတွေက မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်အချိန်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး စားသောက်ဆိုင်တာဝန်ရှိသူတွေကို မြိတ်ခရိုင်မီး သတ်ဦးစီးဌာနရုံးက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ  မြတ်ထွဋ် / ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024