ဗြိတိန်-မြန်မာ ပညာရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
DVB
·
May 6, 2017
အင်္ဂလန်မှာ တရားဝင်ခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာဝန်ကြီး ဘောရစ် ဂျွန်ဆင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
မေ ၅ ရက်နေ့ ညပိုင်းက လန်ဒန်မြို့ရှိ ဘောရစ်ဂျွန်ဆင်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ပြီး မြန်မာ-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာလို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဆွေးနွေးပွဲမှာ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေမှာ ဗြိတိန်နိုင်ငံက ဆက်လက်ကူညီဆောင်ရွက်သွားဖို့ကိစ္စရပ်တွေကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံရဲ့ ဆေးပညာသင်ကြားမှုဖွံ့ဖြိုးတိုး တက်ရေးအတွက် ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနဲ့ ပူးပေါင်းကူညီပေးနေတဲ့ ဆေးပညာ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆေးရုံ St. Mary`s ဆေးရုံကိုလည်း သွားရောက်လေ့လာခဲ့ တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ လန်ဒန်မြို့