အလွဲသုံးထားသည့် မကွေးတိုင်းရန်ပုံငွေများထဲမှ ပထမအရစ် ပြန်ပေးအပ်
ဇော်ဖေ
·
May 5, 2017

အရင် မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်က ကြံ့ခိုင်ရေးပါတီကို တရားမဝင် လွှဲပြောင်းပေးခဲ့တဲ့ ငွေကျပ်သန်း ၃၀၀၀ ကို အခုအခါ ပထမအရစ်အဖြစ် မေ ၄ ရက်နေ့က ကျပ် သိန်း ၃၀၀၀၊ မေ ၅ ရက်နေ့က ကျပ် သိန်း ၅၀၀၀၊ လာရောက်လွှဲပေးခဲ့တယ်လို့ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဧပြီ ၂၉ ရက်ကလည်း ကြံ့ခိုင်ရေးပါတီကို တရားမ၀င် လှူဒါန်းထားတဲ့ ကား ၄ စီးနဲ့ ဘတ်ဖိုးယာဉ်တစီးကို ပြန်လည်ပေးအပ်ပြီး ဖြစ်ပါတယ်။
စသုံးလုံးရဲ့ စစ်ဆေးချက်အရ ကျပ်ငွေဘီလီယံ ၇၀၀၀ ကျော် ကွာဟနေပေမယ့် ပြည်ထောင်စုအစိုးရက တောင်းခိုင်းထားတာ ကျပ်ငွေ သန်း ၃၀၀၀ ဖြစ်ပြီး ကျန် ကျပ်ငွေ သန်း ၄၀၀၀ ဘယ်လိုနေရာတွေမှာ အသုံးပြုခဲ့သလဲဆိုတာ ဆက်လက် စုံးစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခုပြန်ရတဲ့ ငွေကြေးတွေဟာ ကျောက်တုံးရေပေါ်တာဖြစ်တဲ့အတွက် ပြန်ပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောရတာ ဖြစ်တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။