A d v e r t i s e m e n t With Us

၂ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသည့် အော်ရန်အူတန်လူဝံကို ပြန်လွှတ်ပေး (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘော်နီယိုကျွန်းက သစ်သားလှောင်အိမ်ထဲမှာ ၂ နှစ်ကြာ ပိတ်လှောင်ခံရတဲ့ အော်ရန်အူတန်မျိုးနွယ် လူဝံတကောင်ကို တိရစ္ဆာန် ကယ်ဆယ်ရေးသမားတွေက လွှတ်ပေးလိုက်ပါတယ်။ လူဝံကိုဖမ်းထားသူတွေက လေးနှစ်သား လူဝံအထီးကို ကိုတပ်ပ်လို့ နာမည်ပေးထားပါတယ်။ အိမ်နီးချင်းတွေကို မနှောင့်ယှက်အောင် ပိတ်လှောင်ထားတာလို့ ပြောကြောင်း နိုင်ငံတကာ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ (IAR) က ပြောပါတယ်။ ဒီလူဝံကို လွှဲပေးဖို့ သစ်တောဌာန အရာရှိတွေက ဖမ်းဆီးထားသူကို ဖျောင်းဖျခဲ့ကြပါတယ်။ ကိုတပ်ပ်ဟာ ဝမ်းနည်းစရာ အနေအထားနဲ့ ရှင်သန်ခဲ့ရတယ်၊ လူဝံရိုင်းတကောင်ရဲ့ သဘာဝအပြုအမူတွေကိုလည်း မလုပ်နိုင်ခဲ့ဘူးလို့ IAR ရဲ့ အမှုဆောင်အရာရှိချုပ် အလန် နိုက်ထ်က ပြောပါတယ်။ ကိုတပ်ပ်ကို ပြန်လည်ထူထောင်ရေးစခန်းဆီ လွှဲပေးပြီးပြီမို့ နောက် ၃ လနေရင် သူဟာ တခြား ကယ်ဆယ်ခံ အော်ရန်အူတန် လူဝံတွေနဲ့ တွေ့ရပြီး တောထဲကို သူတို့နဲ့အတူ သွားနိုင်တော့မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up