ကွန်မြူနစ် တံဆိပ်ကပ်ခံထားရသူ အင်ဒိုနီးရှား ကချေသည်က အစိုးရကို တရားစွဲဆို
DVB
·
January 11, 2012
တချိန်တုန်းကတော့ အင်ဒိုနီးရှား ကွန်မြူနစ်ပါတီဟာ အင်ဒိုနီးရှားမှာ အားအကောင်းဆုံး ပါတီကြီး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၆၅ ခုနှစ်မှာ ကွန်မြူနစ်လိုလားတယ်လို့ ယူဆရတဲ့ အင်ဒိုနီးရှား စစ်တပ်အရာရှိငယ်တွေက ဗိုလ်ချုပ်ကြီး ၆ ယောက်ကိုသတ် ရေတွင်းထဲ ပစ်ချပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အာဏာသိမ်းဖို့ ကြိုးစားတာကို ဗိုလ်ချုပ်ဆူဟာတို ဦးဆောင်တဲ့ စစ်တပ်က ပြန်ချေမှုန်းခဲ့ပါတယ်။ ဆူဟာတိုက အဲဒီဖြစ်ရပ်ကို ကွန်မြူနစ်တွေရဲ့ လက်ချက်လို့ အပြစ်တင်ပြီး၊ ကွန်မြူနစ်လိုလားသူ မှန်သမျှကို စနစ်တကျ တိုက်ခိုက်ခဲ့ပါတယ်။ လူ သုံးသန်းလောက်အထိ သုတ်သင်ရှင်လင်းခဲ့တယ်လို့ ပြောဆိုကြပါတယ်။ ရွာလုံးကျွတ် သတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။ ပထမဆုံး အင်ဒိုနီးရှားနိုင်ငံ သမ္မတရဲ့ ကချေသည် ‘နာနီ နုရာနီ’ ကိုလည်း ကွန်မြူနစ်လို့ စွပ်စွဲပြီး ထောင် ၇ နှစ် ချခဲ့ပါတယ်။ သူ့ရဲ့ မှတ်ပုံတင်ကတ်မှာလည်း နိုင်ငံရေးအကျဉ်းသား တံဆိပ် ကပ်နှိပ်လိုက်ပါတယ်။ အခု အသက် ၇၀ ရှိပြီဖြစ်တဲ့ နာနီ က တရားရုံးမှာ သူ့မှတ်ပုံတင်ပေါ်က နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အမည်ကို ရှင်းလင်းပေးဖို့ တောင်းဆိုနေပါတယ်။ ဒီအကြောင်းကို သတင်းထောက် ‘မိုဟာမဒ် အာဟမ်’(Muhammad Irham) က ဂျာကာတာမြို့ တရားရုံးတခုကနေ သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။