A d v e r t i s e m e n t With Us

အာဖဂနန်နစ္စတန်မှ အမျိုး​သမီး​များ​ အမျိုး​သမီး​အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေဆဲ

ပြီး​ခဲ့​တဲ့​ ဆယ်နှစ်အတွင်း​ အာဖဂန်နစ္စတန်ကို နိုင်ငံတကာအကူညီ​တွေ ​ဒေါ်လာ ဘီလီယံများ​စွာ ပုံ​အော ဝင်ခဲ့​ပါတယ်။ အဲဒီ​ငွေအများ​စုက အာဖဂန်အမျိုး​သမီး​တွေရဲ့​ လူမှုဘဝတိုး​တက်​စေဖို့​ ဖြစ်ပါတယ်။ ဒါ​ပေမဲ့​ အာဖဂန်နစ္စတန်မှာ အမျိုး​သမီး​တွေအ​ပေါ် အကြမ်း​ဖက်မှုက ဆက်လက် ကြီး​မား​နေဆဲပါပဲ။ ‘ဆဟာဂူလ်’ ဆိုတဲ့​ မိန်း​က​လေး​ဆိုရင် အသက် ၁၅ နှစ်သာ ရှိ​သေး​ပေမဲ့​၊​ ကြီး​မား​တဲ့​ ဘဝ ဒုက္ခ​ပေါင်း​စုံကို ကြုံခဲ့​ရပါတယ်။ က​လေး​အရွယ်မှာ အိမ်​ထောင်ကျခဲ့​ပါတယ်။ သူ့​ယောက်ျား​နဲ့​ သူ့​ယောက်ျား​ မိသား​စုက သူ့​ကို အိမ်သာထဲမှာ ​သော့​ပိတ်ထည့်​ထား​ပြီး​ ​ခြောက်လ​လောက် နှိပ်စက်ခဲ့​ပါတယ်။ ပြည့်​တန်ဆာ လုပ်ခိုင်း​တာကို ငြင်း​လို့​ သူ့​ကို အိမ်သာထဲထည့်​ နှိပ်စက်ကြတာပါ။ အာဖဂန်အမျိုး​သမီး​အခွင့်​အ​ရေး​အ​ကြောင်း​ကို ကာဘူး​လ်မြို့​မှ သတင်း​ထောက် ‘ဇူဘာယာ ဘာဘာခါခါအီလ်’(Zubair Babakarkhail) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up