A d v e r t i s e m e n t With Us

တရုတ်နိုင်ငံမှာ ​ကျေး​လက်မှ မြို့​ပြ​ပြောင်း​ရွှေ့​လာသူ သန်း​ပေါင်း​များ​စွာကို ထိန်း​ချုပ်ဖို့​စတင်

တရုတ်နိုင်ငံ ​ကျေး​လက်​ဒေသက လူ​တွေဟာ အစုလိုက်အပြုံလိုက် မြို့​ပြကို ​ပြောင်း​ရွှေ့​နေကြတာ​ကြောင့်​ မြို့​ကြီး​တွေမှာ ​နေရာအလွတ် မကျန်​တော့​ မရှိသ​လောက်ကို ဖြစ်​နေပါတယ်။ အကျိုး​ဆက်က ​မြေယာအငြင်း​ပွား​မှု​တွေ များ​လာတာပါ။ နှစ်တိုင်း​ တရုတ်တနိုင်ငံလုံး​မှာ ​မြေကိစ္စအတွက် ​ထောင်​သောင်း​ချီ ဆန္ဒပြမှု​တွေ ရှိ​နေပါတယ်။ မကြာခင်က တရုတ်ပြည်​တောင်ဘက်က ဝူခန်မြို့​မှာ ​မြေအငြင်း​ပွား​မှု​ကြောင့်​ မကြုံစဖူး​ ပုန်ကန်ထကြွမှု​တွေ​တောင် ဖြစ်ခဲ့​ပါတယ်။ မြို့​လူထုနဲ့​ ​ကျေး​ရွာ​တွေက ​ဆောက်လုပ်​ရေး​ လုပ်ငန်း​ရှင်​တွေကို ​ရောင်း​ချဖို့​ အစိုး​ရ အာဏာပိုင်​တွေက ​မြေ​တွေကို လိုက်သိမ်း​ပိုက်​နေတယ်လို့​ ​ပြောဆိုပါတယ်။ သူတို့​က ​ဒေသအာဏာပိုင်​တွေကို မြို့​ထဲက​နေ ​မောင်း​ထုတ်ဖို့​ လုပ်ခဲ့​ပြီး​၊​ ​နောက်ဆုံး​ လူထုနဲ့​ အုပ်ချုပ်​ရေး​အဖွဲ့​တို့​ သ​ဘောတူညီမှု ရရှိခဲ့​ပါတယ်။ တရုတ်​ကျေး​လက်နဲ့​ မြို့​ကြီး​တွေကြား​မှာ ကွာဟချက်​တွေကို ကျဉ်း​မြောင်း​အောင် လုပ်ဖို့​ နည်း​လမ်း​တွေ ရှာဖို့​ လို​နေပြီလို့​ လူထုက ​ဒေသအစိုး​ရကို ဖိအား​ပေး​လာကြပါတယ်။ တရုတ်နိုင်ငံ ​တောင်ဘက် ​ချောင်ကင်း​မြို့​မှ သတင်း​ထောက် ​ရေဘက်ကာ ဗဲလ်လီ(Rebecca Valli) က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​ကစီစဉ် တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up