Home
မြန်မာသတင်း
အင်းတော်တွင် ဆက်သွယ်ရေးတာဝါတိုင်များမှ ဆီခိုးထုတ်သည့် လူငယ်များကို ဖမ်းမိ
DVB
·
May 4, 2017
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်တွေကနေ စက်သုံးဆီ ခိုးထုတ်ယူတဲ့ လူငယ်အဖွဲ့ကို မေ ၄ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ မေလ ၄ ရက် မနက် ၁၂ နာရီ ၂၅ မိနစ်အချိန် အင်းတော်မြို့ရဲစခန်းမှ ရဲအုပ်သန်းထွန်းလှိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနား ကားလမ်း သီဘာရွာ အမက စာသင်ကျောင်းရှေ့မှာ ငြိမ်းချမ်းအောင် မောင်းနှင်ပြီး ရှင်းသန့်အောင်၊ ထွန်းလွင်ဦး၊ ဝေဖြိုးသူ၊ အာကာဖြိုးတို့ လိုက်ပါလာတဲ့ ၃ ဘီး လိမ္မော်ရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ အဝါရောင် စားအုန်းဆီပုံအတွင်း ထည့်ထားတဲ့ ၁ ပုံးကို ဒီဇယ် ၄ ဂါလန်လောက်စီပါ ပုံး ၁၁ ပုံး၊ သံပေပါအတွင်း ဒီဇယ် ၄၅ ဂါလန်လောက်ပါ သံပေပါ ၁ လုံး၊ အဝါရောင်ပုံးအခွံ ၃ လုံး ဆီအထုတ်အသွင်း ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပလတ်စတစ်ပိုက်ပျော့ ၂ ချောင်း၊ တူ ၁ ချောင်းတို့ကို တွေ့ရှိတာကြောင့်  စစ်ဆေးမေးမြန်းရာမှာ အထောက်အထား တစုံတရာ ပြောဆိုနိုင်ခြင်း မရှိတာကြောင့် ဥပဒေအရ အရေးယူပေးပါဖို့ တိုင်ကြားထားတဲ့အမှု ဖြစ်တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ “ရွာဟောင်းကျေးရွာကနေ ဖုန်းနဲ့ ဆက်သွယ်လာတယ်။ သူတို့ရွာမှာရှိတဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်က စက်သုံးဆီတွေ သုံးဘီးဆိုင်ကယ်နဲ့ ခိုးသွားတယ်လို့ ဆက်သွယ်တာကြောင့် နီးစပ်ရာလူတွေစုပြီး ရွာဟောင်းကျေးရွာကနေ ထွက်တဲ့လမ်းတွေကို တားဆီးပိတ်ပင်ထားရာကနေ အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ်” လို့ လယ်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းမောင်က ပြောပါတယ်။ ဒီဇယ်ဆီတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ သူတို့ ၅ ဦးကို အင်းတော်မြို့မရဲစခန်းက (ပ)၆၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024