Home အာရှဒေသ ကေမၻာဒီးယား ဒေသခံတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖျက်ဆီးခံနေရ
ကမ္ဘောဒီးယား ဒေသခံတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖျက်ဆီးခံနေရ
cambodia indigenous 3_borin_web ကမ္ဘောဒီးယားနိုင်ငံက ဒေသခံတိုင်းရင်းသားတွေဟာ အသစ်ဝင်ရောက် အခြေချလာသူတွေနဲ့ မြေယာ သိမ်းပိုက် ဝယ်ယူသူတွေကြောင့် သူတို့ ဘဝပုံစံတွေ ပျောက်ဆုံးတော့မယ့် အန္တရာယ် ကြုံလာရပါတယ်။ အဲဒီပြဿနာကို လူအများ အာရုံစိုက်လာအောင် ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်။ မြေယာသိမ်းပိုက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေနဲ့ ရိုးရာယဉ်ကျေးမှု ဆုတ်ယုတ်ကျဆင်းမှုတွေဟာ ကမ္ဘောဒီးယားက ဒေသခံတိုင်းရင်းသားပေါင်းစုံ ကြုံတွေ့နေရတဲ့ ပြဿနာတွေပါပဲ။ ဒေသခံတိုင်းရင်းသားတွေကို တောင်ပေါ်လူမျိုးစုတွေလို့ ခေါ်ကြပြီး တိုင်းပြည်လူဦးရေရဲ့ ၁ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ အဲဒီ ဒေသခံလူမျိုးတွေအကြောင်းကို ဖနွမ်းပင်မြို့မှ သတင်းထောက် ‘ဘိုရင်း နောင်’ က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ