ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေစကြိုတွင် မြစ်ကမ်းပါးပြိုကျ (ဓာတ်ပုံ)






678
ဧရာဝတီမြစ်ရေ ရုတ်တရက် တက်လာတာကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာမှာ မြစ်ကမ်းပါး ပြိုကျတာတွေ ဖြစ်နေပါတယ်။
ကမ်းပြိုတာကြောင့် ခုတပတ်အတွင်း လူနေအိမ် ၁၈ လုံးလောက် ပြောင်းရွှေ့ခဲ့ရပြီလို့ သိရပါတယ်။ လက်ရှိလည်း အိမ်တွေကို ဖျက်ရွှေ့နေကြဆဲပါ။ နေအိမ်ပြောင်းရွှေ့ရသူအများစုက နေအိမ်ဝန်း အစားဝယ်ဖို့ ခက်ခဲတာကြောင့် ဖြစ်သလို နေနေကြရပါတယ်။