Home
မြန်မာသတင်း
အမျိုးသားသတင်းရုပ်သံဆု ဒီဗွီဘီသတင်းဌာနရရှိ
DVB
·
May 4, 2017
မန်မာနိုင်ငံသတင်းစာဆရာအသင်းက အခုနှစ်အတွက် အမျိုးသားသတင်းဆုတွေကို မနေ့ညက ရန်ကုန်မှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်ရာမှာ ဒီဗွီဘီသတင်းဌာနက  သတင်းရုပ်သံဆု ရရှိသွားပါတယ်။ ဒီဗွီဘီရုပ်သံရဲ့ ခေတ်ပြိုင်ကောက်ကြောင်းများ အစီအစဉ်က ထုတ်လွှင့်သွားတဲ့    သုခမြို့တော်ရုပ်သံကနေ ဆုရရှိသွားတာ ဖြစ်ပါတယ်။ ဒီရုပ်သံသတင်းမှာ ရန်ကုန်မြို့က လူနေအိမ်တွေအောက်မှာ ဆင်းရဲခက်ခဲစွာ ရုန်းကန်နေထိုင်နေကြရတဲ့ မြန်မာပြည်သူ လူထုတွေရဲ့ လူမှုဘဝတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ ခေတ်ပြိုင်ကောက်ကြောင်းများ အစီအစဉ်ရဲ့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ လုံးဝ မသက်ဆိုင်တဲ့ ရန်ကုန်မြို့နယ်က ဘဝတွေ(သုခမြို့တော်) တင်ဆက်မှုမှာ အများမမြင်တဲ့၊ ငုပ်လျှိုးကွယ်ပျောက်နေတဲ့ ကဏ္ဍ၊ ရှုထောင့်၊ အတွေးအမြင်တရပ်အား ရှာဖွေ စူးစမ်းဖော်ထုတ် တင်ပြနိုင်မှုဆိုတဲ့  သတင်းစာပညာရဲ့ အလွန်အရေးပါ ပြောင်မြောက်တဲ့ အရည်အချင်းတရပ်အား ထူးခြားစွာ တွေ့ရှိရတယ်လို့  ဆုရွေးချယ်သူတွေက  မှတ်ချက်ထုတ်ပြန်ထားပါတယ်။ သတင်းရုပ်သံဆု ရွေးချယ်ရာမှာတော့ လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ ရည်ရွယ်တင်ဆက်လိုတဲ့ သတင်းရဲ့တန်ဖိုးမြင့်မားမှု၊ ပရိသတ်ထံ ရည်ရွယ်တင်ပြလိုတဲ့ အကြောင်းရင်းကို များလှတဲ့ အချိန်ပိုင်းအတွင်း ရုပ်သံအရည်အသွေးကောင်းမွန်စွာနဲ့ ထိထိမိမိ ရိုက်ကူး တည်းဖြတ် တင်ဆက်နိုင်မှုတို့ပေါ် အဓိကထား အကဲဖြတ်ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။ သတင်းရုပ်သံဆု ရွေးချယ်ရာမှာ ဒီဗွီဘီသတင်းဌာန၊ ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်ရဲ့ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံးဝ မသက်ဆိုင်တဲ့ ရန်ကုန်မြို့လယ်က ဘဝတွေ (သုခမြို့တော်)ရုပ်နဲ့ ဒုက္ခသည်ချင်းတူပေမယ့် ပညာဆက်သင်ဖို့ အခွင့်အရေးမတူတဲ့ ရခိုင်က ဘဝတွေ ဆိုတဲ့ ရုပ်သံ ၂ ပုဒ်ကို ဆန်ခါတင် ရွေးချယ်ခဲ့ပြီး သုခမြို့တော်ကို နောက်ဆုံး ရွေးချယ် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းသူရဲကောင်းဆုကိုတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၊  သတင်းဆောင်းပါးဆုကို ဦးခင်မောင်မြင့်၊ သတင်း ကာတွန်းဆုကို မောင်မောင်လေးနဲ့  သတင်းဓာတ်ပုံဆုကို စိုးမိုးအောင်တို့ကိုလည်း အခုနှစ်အတွက် အမျိုးသားသတင်းဆုတွေ အသီးသီး ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024