A d v e r t i s e m e n t With Us

တရုတ်ပြည်မှာ အ​ခြေချ​နေထိုင်တဲ့​ ကာဇက်လူမျိုး​များ

မကြာ​သေး​ခင်က ​အေး​ရှား​ကောလင်း​က သတင်း​ထောက် ‘ကလဲရင့်​ချွာ’ ဟာ တရုတ်ပြည်အ​နောက်ဖက် ပိုး​လမ်း​မကြီး​ တ​လျှောက်ကို ခရီး​သွား​ခဲ့​ပါတယ်။ သူဟာ တရုတ်အ​နောက်ဖက် ဂန်စု ပြည်နယ်က ကာဇက်လူမျိုး​ အများ​စု​နေထိုင်တဲ့​ တမူထူး​ခြား​တဲ့​ မြို့​လေး​ကို ​ရောက်သွား​ပါတယ်။ ကာဇက်လူမျိုး​တွေဟာ မူလက ဆား​ဗီး​ယား​နဲ့​ ပင်လယ်ပြာ​ဒေသ​တွေကြား​မှာ ​နေထိုင်ခဲ့​သူ​တွေဖြစ်ပြီး​ ​နောက်ပိုင်း​မှာ ​ရေကြည်ရာမြက်နုရာ ​ရွှေ့​ပြောင်း​အ​ခြေချ​နေထိုင်သူ​တွေ ဖြစ်လာပါတယ်။ ၁၉၉ဝခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲပြီး​နောက်မှာ​တော့​ ကာဇစ်စတန်နိုင်ငံရယ်လို့​ သီး​သန့်​ ထွက်​ပေါ်လာပါတယ်။ ဒါ​ပေမဲ့​လည်း​ ဒီက​နေ့​ ကာဇက်လူမျိုး​အများ​အပြား​ကို ဗဟိုအာရှနဲ့​ အ​ရှေ့​ဥ​ရောပက နိုင်ငံ ၁၄ နိုင်ငံမှာ ​တွေ့​မြင်ရပါတယ်။ ​ခေတ်သစ် တရုတ်ပြည်မှာ ​နေထိုင်​နေကြတဲ့​ ကာဇက်လူမျိုး​တွေအ​ကြောင်း​ သတင်း​ထောက် ‘ကလဲရင့်​ချွာ’ က သူ့​အ​တွေ့​အကြုံကို ပြန်​ပြောပြ သတင်း​ပေး​ပို့​ထား​တာကို နား​ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up