A d v e r t i s e m e n t With Us

မန်ယူတိုက်စစ်မှူး မိုဗစ်၏ ဒူးခေါင်းဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသအပြီး သူဟာ ပြုပြင်ပြီးဖြစ်သလို သန်မာလာပြီလည်းဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မိုဗစ်ဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ အန်ဒါလက်ခ်ျအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဒူးဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့်ဖြစ်သူကလည်း မိုဗစ်ရဲ့ဒဏ်ရာဟာ အရှင်းကောင်းသွားပြီဖြစ်သလို ကစားသမားဘဝကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ မိုဗစ်ဟာ ပီအက်စ်ဂျီအသင်းကနေ ၁ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးတော့ အခုနှစ်ရာသီမှာ ၂၈ ဂိုးထိ သွင်းယူပေးထားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့တော့ သဘောတူညီမှု မရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up