DVB Logo
Home
မြန်မာသတင်း
ရွှေဝါ​ရောင်သံဃာများ​ကို နိုင်ငံ​တော်သံဃမဟာနာယက ဆင့်​ခေါ်
DVB
·
January 26, 2012
ရွှေဝါ​ရောင်သံဃာများ​ကို နိုင်ငံ​တော်သံဃမဟာနာယက ဆင့်​ခေါ်
1 / 2
Donate to DVB

သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရ အပါအဝင် မကြာ​သေး​ခင် ရက်ပိုင်း​က ​ထောင်ကပြန်လွတ်လာတဲ့​ သံဃာ ၅ ပါး​ကို နိုင်ငံ​တော် သံဃမဟာနာယက က ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ်လိုက်ပါတယ်။

သော့​ပိတ်ခတ်ထား​တဲ့​ ဘုန်း​တော်ကြီး​ကျောင်း​တွေမှာ ဝင်​ရောက်သီတင်း​သုံး​တဲ့​ ကိစ္စနဲ့​ စပ်လျဉ်း​ပြီး​ သက်ဆိုင်ရာရဲ့​ တိုင်ကြား​ချက်အရ ဇန်နဝါရီ ၂၇ ရက် ​နေ့​စွဲနဲ့ နိုင်ငံ​တော် သံဃမဟာနာယကရုံး​ကို လာ​ရောက်ဩဝါဒခံယူဖို့​ ဆင့်​ခေါ်တာပါ။

ဆင့်​ခေါ်ခံရတဲ့​ သံဃာ​တွေက​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ အရှင်ဂမ္ဘီရနဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေတောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည်​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ဆရာ​တော် ဦး​ပညာသီဟတို့​ ငါး​ပါး​ဖြစ်ပါတယ်။

ဒီကိုယ်​တော်​တွေဟာ စစ်အစိုး​ရလက်ထက် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ​ထောင်ကျခဲ့​ကြသူ​တွေဖြစ်ပြီး​ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ အခုလ ၁၃ ရက်​နေ့​မှာ ပြန်လွတ်လာကြတာပါ။

ဆင့်​ခေါ်စာနဲ့​ ပတ်သက်ပြီး​ ဆရာ​တော် ဦး​ပဏ္ဍဝံသက “အ​ကြောင်း​အရာ၊​ နိုင်ငံ​တော် သံဃမဟာနာယကရုံး​သို့​ လာ​ရောက်ရန် ကိစ္စ။ နံပါတ် ၁ အပိုဒ် ခွင့်​ပြုချက် မရှိဘဲ ပြစ်မှုကျူး​လွန်​နေ​သော ရဟန်း​များ​ကိစ္စ တင်ပြခြင်း​နှင့်​ စပ်လျဉ်း​၍ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၂ ခုနှစ်တွင် ကျင်း​ပ​သော ဆဋ္ဌမအကြိမ် နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​ တတိယအဖွဲ့​ခွဲ၏ ဆဋ္ဌမအကြိမ် ပထမ အထူး​အစည်း​အ​ဝေး​ အား​ ​ဖော်ပြပါအတိုင်း​ ဆုံး​ဖြတ်ခဲ့​ပါသည်။”

ဆင့်​ခေါ်ခံရတဲ့​ သံဃာ​တွေအ​နေနဲ့​ ဒီက​နေ့​ မွန်း​လွဲ ၁၂ နာရီ ၃၀ မှာ ကမ္ဘာ​အေး​ကုန်း​မြေ ဥတ္တရဂုရု​ဆောင် အစည်း​အ​ဝေး​ခန်း​မသို့​ ကြွ​ရောက်သတင်း​ပို့​ဖို့​ အ​ကြောင်း​ကြား​တယ်လို့​ နိုင်ငံ​တော်သံဃ မဟာနာယကရဲ့​ အ​ကြောင်း​ကြား​စာမှာ ပါရှိပါတယ်။

အခုလို ကိုင်တွယ်​ဆောင်ရွက်ပုံနဲ့​ ပတ်သက်လို့​ အစိုး​ရဟာ အ​ပေါ်ပိုင်း​က ​ပြောင်း​လဲတယ် ဆို​ပေမယ့်​ ​အောက်​ခြေမှာ မ​ပြောင်း​လဲ​သေး​ဘူး​လို့​ မိန့်​ကြား​ပြီး​ ဆရာ​တော်ကြီး​တွေနဲ့​ ​လျှောက်ကြား​တဲ့​အခါ အ​ခြေ​နေမှန်ကို ရှင်း​ပြမယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ပါတယ်။

“တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေက ဦး​ဇင်း​တို့​ ​ကျောင်း​ကို တချိန်တုန်း​က ​သော့​တွေ ခတ်သွား​တဲ့​ အခါကြ​တော့​ ​သော့​တွေက ဦး​ဇင်း​တို့​ ပြန်လွတ်လာတဲ့​ အချိန်မှာ တချို့​ကျောင်း​က ပွင့်​နေတယ်။ ဦး​ဇင်း​တို့​ကျောင်း​တော့​ ကိုယ့်​ဘာသာကိုယ်ဖွင့်​ပြီး​ ​နေလိုက်တာ​ပေါ့​။ နိုင်ငံ​တော်သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ပြီး​တဲ့​ အခါကျ​တော့​ ဒီမှာ ပြန်လာတဲ့​အခါ ကိုယ့်​ကျောင်း​မှာ မ​နေ​တော့​ ဘယ်မှာ သွား​အိပ်မှာတုန်း​။ သက်ဆိုင်ရာကို အ​ကြောင်း​ကြား​တော့​လဲ ဟိုလိုလို ဒီလိုလိုနဲ့​ သူတို့​မှာ တာဝန်မရှိဘူး​။ သက်ဆိုင်ရာ သံဃမဟာနာယက အ​ကြောင်း​ကြား​တော့​လည်း​ ဒါဟာ လူ​တွေလုပ်ထား​တဲ့​ ကိစ္စဆိုပြီး​ ​ဝေ့​လည်​ကြောင်ပတ် ဖြစ်​နေတာ။ အဲ့​တော့​ ဦး​ဇင်း​တို့​က ကိုယ့်​ကိစ္စကိုယ် တာဝန်ယူတယ်ဆိုပြီး​ ကိုယ့်​ကျောင်း​ကို တက်​နေလိုက်တာ​ပေါ့​။ အာဏာပိုင်အဖွဲ့​အစည်း​က​တော့​ ဦး​ဇင်း​တို့​ကို ဘာမှလာမ​ပြောဘူး​။ မ​ပြောဘဲနဲ့​ သံဃမဟာနာယကကို ​လျှောက်ထား​တာ​ပေါ့​လေ။”

လတ်တ​လောမှာ အရှင်ဂမ္ဘီရနဲ့​ ဆရာ​တော် ဦး​ဣသရိယတို့​ နှစ်ပါး​ဟာ မန္တ​လေး​မြို့​ကို ကြွ​ရောက် ခရီး​လွန်​နေတာ​ကြောင့်​ ပြန်အလာမမီရင်သုံး​ပါး​ပဲ ကြွ မယ်လို့​ မိန့်​ကြား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013