Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ် ရထားသံလမ်းတွင် လူ ၁ ဦးသေဆုံး
DVB
·
May 2, 2017
  ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အောင်ဘာလေကျေးရွာ ကောလိယ ရထားသံလမ်းတံတား ၁၁၁ မှာ မေလ ၁ ရက်နေ့က လူတ ၁ ဦးသေဆုံးတယ်လို့ ဒိုက်ဦးမြို့မရဲစခန်းက သိရပါတယ်။ သေဆုံးသူမှာ ဒိုက်ဦးမြို့နယ် ဖအောင်းဝဲကျေးရွာနေ မျိုးဇော်ထွန်း ဆိုသူဖြစ်ပြီး ရထားသံလမ်းရဲ့ ယာဘက်ဘီးအကွာအဝေး ၉ လက်မနဲ့ ဇလီ ဖားတုံး အကွာအဝေး အလျား ၁၅ လက်မ ကြားမှာ ဦးခေါင်း မှေးတင်ပြီး ခန္ဓာကိုယ်မှာ ရထားသံ လမ်းအောက် တွဲလောင်းကျသေဆုံးနေတာကို ရဲတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ “မန္တလေး-ရန်ကုန် စာပို့ရထား အစုန် ၂ ဖြတ်မောင်းချိန်မှာ ညည်းတွားအော်ဟစ်သံ ကြားရတဲ့အတွက် သွားကြည့်ရာ လူ ၁ ဦးလူလှိမ့်နေတာကို တွေ့ရကြောင်းနဲ့ တခြားသူတွေကို သွားခေါ်နေတုန်း နောက်ထက် အဆန် ၈၀၅ ဆီတင်ရထား နောက်တစီး ဖြတ်သွားခဲ့သေးတယ်” လို့ အလောင်းကို မြင်တွေ့ခဲ့တဲ့ မစန်းဝင်းက ပြောပါတယ်။ သေဆုံးသူမှာ ဆွံ့အ နားမကြား ပိုလီယိုရောဂါသည်တဦးဖြစ်ပြီး နေအိမ်မှမကြာခဏ ထွက်သွားတတ်တယ်လို့လည်း သိရပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024