Saturday, June 10, 2023
HomeLead Storyထိတ်လန့်ဖွယ် မိကျောင်းကြီးကို ၃၄ နှစ်ကြာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့် အမျိုးသား (ရုပ်သံ)

ထိတ်လန့်ဖွယ် မိကျောင်းကြီးကို ၃၄ နှစ်ကြာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့် အမျိုးသား (ရုပ်သံ)

လူအများစုဟာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြရမယ်ဆိုရင် ခွေးတွေ၊ ကြောင်တွေကိုပဲ ရွေးချယ်မွေးမြူကြမှာပါပဲ။

ဒါပေမယ့် ဂျပန်နိုင်ငံမှ အမျိုးသားတဦးကတော့ အရှည် ၆ ပေ ၈ လက်မရှိတဲ့ မိကျောင်းတကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ် နိုဘူမစ်ဆု မူရာဘေရာရှီဟာ မိကျောင်းကိုခေါ်ကာ ပုံမှန် လမ်းလျှောက်ထွက်လေ့ရှိပြီး လမ်းမှာ တွေ့မြင်ကြသူတွေက သူတို့ကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်ခံရလေ့ ရှိပါတယ်။

မိကျောင်းကြီးဟာ အလေးချိန် ပေါင် ၁၀၀ လောက် ရှိနေပြီး သူတို့ဟာ ဟီရိုရှီးမားခရိုင်၊ ခူဒဲ့မြို့မှာ အတူတကွ နေထိုင်ခဲ့တာ ၃၄ နှစ်လောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

မူရာဘေရာရှီဟာ ဒီမိကျောင်းကြီးကို ထူးဆန်းသည့် တိုင်းတပါးတိရိစ္ဆာန်ပွဲတော်တခုကနေ အကောင်ပေါက်အရွယ်ကလေးတည်းက စတင်ဝယ်ယူခဲ့တာဖြစ်ပြီး မြို့တော်အစိုးရ တာဝန်ရှိသူတွေဆီမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခွင့် တောင်းခံခဲ့ရတာပါ။

လက်ရှိမှာတော့ သူတို့ဟာ ချစ်ခင်ရင်းနှီးကြတဲ့ ဖက်လှဲတကင်း ဆက်ဆံရေးမျိုး ရှိနေကြတာဖြစ်ပြီး မိကျောင်းကြီးကို သွားတိုက်ပေးတာတွေ၊ အတူတကွ လမ်းလျှောက်တာတွေ၊ ပြုစုစောင့်ရှောက်ပေးနေပုံတွေဟာ ရုပ်သံသတင်းတွေမှာ ဖော်ပြခံနေရပြီး ကျော်ကြားနေခဲ့ပါတယ်။

တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ အဲဒီမိကျောင်းကြီးရဲ့ ခန့်မှန်းမျှော်မှန်းသက်တမ်းဟာ နောက်ထပ်နှစ်ပေါင်း ၂၀ နဲ့ ၃၀ ကြားဖြစ်မယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular