A d v e r t i s e m e n t With Us

အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဆင်းမ်ကတ် ပြန်လည်ရောင်းချ

ရောင်းချတာ ရပ်ဆိုင်းထားတဲ့ အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဖုန်းဆင်းမ်ကတ်ကို ဒီကနေ့ ပြန်ရောင်းမယ်လို့ အီလိုက်ကုမ္ပဏီရဲ့ ဦးစိုင်းခင်မောင်အေးက အတည်ပြုပြောပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက လက်ကိုင် ဂျီအက်စ်အမ်ဖုန်းတွေ အသုံးပြုတာ များလာတဲ့အတွက် အက်ဖ်အီးစီ ၂၀ တန်ဖုန်း ရောင်းချတာကို ရပ်ဆိုင်းလိုက်ပြီး လိုင်းတွေ တိုးချဲ့ပြီးတာနဲ့ ပြန်လည် ရောင်းချတာလို့ ဆိုပါတယ်။ “လိုင်းတွေက အလုံအလောက် ဖြစ်လာလို့​ ​ပြန်ထုတ်ပေးတာ​ ​မြန်မာ့ဆက်သွယ်ရေးက။ ​လောလောဆယ်တော့ အပြောင်းအလဲ မရှိသေးဘူး။ အရင်အတိုင်းပဲ။” အက်ဖ်အီးစီ ၂၀ တန် တခါသုံးဖုန်းဟာ နံပါတ်တခုအတွက် ၂၈ ရက် အသုံးပြုနိုင်မှာဖြစ်ပြီး အထွက်ခေါ်ဆိုခ နှုန်းထားကတော့ အက်ဖ်အီးစီ ပြား ၃၀ နဲ့ အ၀င်ခေါ်ဆိုခက ၅ ပြားဖြစ်ပါတယ်။ အက်ဖ်အီးစီ ၂၀ တန် တခါသုံးဖုန်းကိုတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနဲ့ ၀ယ်ရမှာပါ။ အက်ဖ်အီးစီ ၂၀ တန် တခါသုံး ဆင်းမ်ကတ်ကို မြန်မာနိုင်ငံ အလည်အပတ်လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အသုံးပြုလွယ်ကူဖို့အတွက် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ ရန်ကုန်နဲ့ အခြား နိုင်ငံခြားသား အလည်အပတ်များတဲ့ မြို့ကြီးတွေရဲ့ ဟိုတယ်တွေမှာ စတင်ရောင်းချခဲ့ပါတယ်။ နော်ဝေနိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီ  Telenor Group အမှုဆောင်စီမံခန့်ခွဲမှု အရာရှိ  Sigve Brekke ဟာလည်း နော်ဝေနိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးနေပြီလို့ မြန်မာတိုင်းမ် ဂျာနယ်ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up