Home
မြန်မာသတင်း
ကသာမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်လှစ်
DVB
·
May 2, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ အဝေးယာဉ်ရပ်နားစခန်းကားကွင်းကို မေလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ အဝေးပြေးယာဉ်ကားကွင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားအပါအဝင် ဗန်းမော်၊ တနိုင်း၊ ရန်ကုန်၊ မုံရွာ၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ အနယ်နယ်အရပ်ရပ်က ဒေသမြို့တွေ ပြေးဆွဲသွားမှာလည်း ဖြစ်ပါတယ်။ အခု ဖွင့်လှစ်တဲ့ အဝေးပြေးကားကွင်းဟာ ၄.၈၂ ဧက ကျယ်ဝန်းတာဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလက စတင် တည်ဆောက်ခဲ့တာပါ။ အဝေးပြေးကားကွင်း တည်ဆောက်မှုအတွက်အတွက် ကုန်ကျငွေဟာ ကျပ်သိန်းပေါင်း ၈၂၀၀ ကျော်ကုန်ကျကာ ယာဉ်ရပ်နားစခန်းဂိတ်တွေအပြင် စတိုးဆိုင်တွေလည်း ပါဝင်ဆောက်လုပ်ထားပါတယ်။ အဆိုပါ အဆောက်အဦတွေကို ဝယ်ယူမယ့် ပိုင်ရှင်တွေက အရစ်ကျပေးသွင်း ဝယ်ယူခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယာဉ်ရပ်နားစခန်းကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024