Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အီးယူရုံးစိုက်ရာ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိ
DVB
·
May 1, 2017
18222392_685669911633307_3445743338820903299_n
18221655_685670078299957_2094570347426995898_n
18194054_685670101633288_7558206839909576026_n
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အီးယူ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာ တယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘရပ်ဆဲလ်မြို့ ဘရပ်ဆဲလ် လေဆိပ်ကို့ ဘရပ်ဆဲလ်လေကြောင်းလိုင်းနဲ့ ရောက်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနဲ့ ဇနီး၊ သံရုံးဝန်ထမ်းမိသားစုတွေက လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃နိုင်ငံ တရား ဝင်ခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီလှည့်လည် သွားရောက်နေတာဖြစ်ပါတယ်။ ဓာတ်ပုံ - မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024