Homeမြန်မာသတင်း
မိုင်းတုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် ဈေးဆိုင်ခန်းများ ပျက်စီး
မိုင်းတုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် ဈေးဆိုင်ခန်းများ ပျက်စီး
DVB
·
May 1, 2017
မိုင်းတုံမြို့နယ်မှာ မေလ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နဲ့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးရွာမှာ ဧပြီ ၂၉ ရက် ညနေ ၅ နာရီလောက်က စတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် လူနေအိမ်ခြေ ၂၀၊ စက်သုံးဆီအရောင်းဆိုင်တဆိုင်နဲ့ ဈေးဆိုင်ခန်း ၁၉ ခန်းရဲ့သွပ်မိုး လန်ခဲ့ပြီး နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ကာလတန်ဖိုးကျပ် ၅၃ သိန်းခန့် ဆုံးရှုံးခဲ့ရပြီး လူထိခိုက်မှု တစုံတရာမရှိဘူးလို့ သိရပါတယ်။