A d v e r t i s e m e n t With Us

အသက်ကြီးမှလှချင်နေတယ်ဟုပြောသဖြင့် အဒေါ်နှင့်တူမ စကားများ လူသတ်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ကျေးရွာအုပ်စု၊ သက်ကယ်ရေရွာမှာ ဒီနေ့ မနက် ၁ နာရီလောက်ကက အဒေါ်ဖြစ်သူနဲ့ တူမ စကားများရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ အဒေါ်ဖြစ်သူ မခိုင် ဆံပင်အလှပြင်လာတာကို တူမဖြစ်သူက အသက်ကြီးမှလှချင်နေတာလို့ ပြောတာကို မကျေမနပ် ဖြစ်ကာ မခိုင်က ရဲဒင်းနဲ့ မချိုခေါင်းကိုထုမိပြီး သေဆုံးတယ်လို့ သိရပါတယ်။ “မခိုင်က ရဲဒင်းကိုင်ပြီး မချိုကိုစိန်ခေါ်တယ်၊ မချိုကဝါးရင်းတုတ်ကိုင်လာတယ်။ အပြန်အလှန် ရိုက်ကြရင်း နှစ်ဦးလုံး ခေါင်းဘယ်ဘက်ချိုစောင်းတွေမှာ ဒဏ်ရာရတယ်။ မချိုကတော့ ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းတယ် အဲမှာသေဆုံးတယ်။” လို့ အမှုစစ်ရဲအရာရှိ ဒုရဲမှူးမြင့်သန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက မခိုင်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up