A d v e r t i s e m e n t With Us

လာမည့်ရာသီ စပါးအသင်း အိမ်ကွင်းပွဲစဉ်များ ၀င်ဘလေကွင်းတွင် ကျင်းပမည်

စပါးအသင်းဟာ လာမယ့်ရာသီမှာ အိမ်ကွင်းပွဲစဉ်တွေကို ၀င်ဘလေကွင်းမှာ ပြောင်းလဲကျင်းပမယ်လို့ အသင်းဥက္ကဋ္ဌ လီဗိုင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ လက်ရှိစပါးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ၀ိုက်ဟတ်လိန်းကွင်းကို ပရိသတ် ၆၁၀၀၀ ၀င်ဆံ့တဲ့ ကွင်းအဖြစ်တည်ဆောက်နေတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ပိုင်ဆိုင်တဲ့ ၀င်ဘလေကွင်းမှာ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။ စပါးအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ကစားရမယ့်အခြေနေမှာ ရှိနေပါတယ်။ ပရိသတ် ၉ သောင်း ၀င်ဆံ့တဲ့ ၀င်ဘလေကွင်းဟာ စပါးအသင်းလက်ရှိ ကစားနေတဲ့ ၀ိုက်ဟတ်လိန်းကွင်းနဲ့ ၁၂ မိုင်လောက်ဝေးကွာပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့   ပွဲစဉ်တွေနဲ့ ရှုံးထွက်ဖလား ဗိုလ်လုပွဲတွေ လက်ခံကျင်းနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ လာမယ့်ရာသီမှာပဲ ၀င်ဘလေကွင်းကို ငှားရမ်းအသုံးပြုမှာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ လက်ရှိတည်ဆောက်နေတဲ့ ပရိသတ် ပရိသတ် ၆၁၀၀၀ ဆံ့ ၀ိုက်ဟတ်လိန်းကွင်းကိုပဲ ပြန်လည်အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up