Home
မြန်မာသတင်း
ရေးမြို့ အာဇာနည်ကျောက်တိုင်အား အာဇာနည်ဗိမာန်ပုံစံ ပြန်လည်တည်ဆောက်မည်
DVB
·
April 29, 2017
မွန်ပြည်နယ် ရေးမြို့မှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က တည်ဆောက်ထားခဲ့တဲ့ အာဇာနည် ကျောက်တိုင်မှာ ဟောင်းနွမ်းနေပြီး မြေထိန်းနံရံတွေ ပြိုကျ ပျက်စီးလုနီးပါး ဖြစ်နေလို့ နိုင်ငံတော်အဆင့် အာဇာနည်ဗိမာန်နဲ့ အလားသဏ္ဌာန်တူပုံစံ စတင်တည်ဆောက်သွားဖို့ ရှိ တယ်လို့ တည်ဆောက်ရေးကော်မတီဝင်က ပြောပါတယ်။ တည်ဆောက်ရာမှာ အလျားပေ ၈၀ အနံ ၄၀ ရင်ပြင်အမြင့် ၅ပေ နောက်ခံနံရံအမြင့် ပေ ၁၈ ပေ အကျယ်မျက်နှာပြင် ၄၈ ပေ အာဇာနည်ခေါင်းဆောင် ၉ ဦးကို ရည်ရွယ်ပြီး လိုင်း ၉ လိုင်းတပ်ဆပ်ကာ ထိပ်ဆုံးတွင် ကြယ်ဖြူ ၁ ပွင့် ကြယ်ဖြူအောက်မှာ အာဇာနည်  ၉ ဦးရဲ့ တခြမ်းမောင်းပန်းပု ပုံစံနဲ့ တည်ဆောက်သွားဖို့ ရှိတယ်လို့ ဆောက်ရေးလုပ်ငန်းကော်မတီဝင် တာဝန်ခံ ဦးအေးနိုင်အောင် က ပြောပါတယ်။ အဆိုပါ အာဇာနည်ဗိမာန်တည်ဆောက်ဖို့ မြို့နယ်အဆင့်တည်ဆောက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး စေတနာရှင်တွေ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ လောက် အကုန်အကျခံတည်ဆောက်မယ်လို့ ဆိုပါတယ်။ ဒေသခံ ကျွမ်းကျင်ပန်းရံ ဆရာတွေနဲ့ စည်ပင်အင်ဂျင်နီယာ အနီးကပ် ကြီးကြပ်မှုနဲ့ တာဝန်ယူပြီး ၂၀၁၇ ခုနှစ် ဧပြီလ က စတင်တည်ဆောက်ကာ  လာမယ့် ၁၉ ဇူလိုင် အာဇာနည်နေ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်မတိုင်မီ ရာခိုင်နှုန်းပြည့် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024