Sunday, June 11, 2023
Homeမြန်မာသတင်းနိုင်ငံရေးမြန္နွစ္ပါတီ ပူးပေါင်း​တော့​မည်

မွန်နှစ်ပါတီ ပူး​ပေါင်း​တော့​မည်

၂၀၁၀ ​ရွေး​ကောက်ပွဲဝင်တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရပြီး​ ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်တို့​ဟာ တပါတီတည်း​ ​ပေါင်း​စည်း​ကြဖို့​ ဒီလ ၂၃ ရက်​နေ့​မှာ သ​ဘောတူညီချက် ရရှိခဲ့​ကြပါတယ်။

မင်း စိုး လင်း (ဓာတ် ပုံ_ မွန် အ မျိုး သား ဒီ မို က ရေ စီ)

မော်လမြိုင်မြို့​မှာ ဒီလ ၂၃ ရက်​နေ့​မှာ ပါတီနှစ်ခုက ဖွဲ့​စည်း​ထား​တဲ့​ ပါတီ​ပေါင်း​စည်း​ရေး​ ​ကော်မရှင်နှစ်ဖွဲ့​လုံး​ကို ​ခေါ်ပြီး​ သံဃာ​တော်​တွေက ဝင်​ရောက် ​ဖြေရှင်း​ပေး​တယ်လို့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ ​ပြောခွင့်​ရ ​ဒေါက်တာမင်း​စိုး​လင်း​က ​ပြောပါတယ်။

“သံဃာ​တော်​တွေက ကြား​က​နေ ဒိုင်လုပ်ပြီး​တော့​ ဝင်​ရောက် ​ဖြေရှင်း​ပေး​တယ်။ တပါတီတည်း​ ​ပေါင်း​ရမယ်၊​ အချိန်မဆွဲဘဲ အမြန်ဆုံး​ပေါင်း​ရမယ်။ ကြား​နာမည်တခု​ပြောင်း​ပြီး​ ​ပေါင်း​ရမယ်” ဆိုပြီး​ ဝင်​ရောက်​​ ဖြေရှင်း​ပေး​တယ်လို့​ ဆိုပါတယ်။

ပူး​ပေါင်း​ဖို့​ ညှိနှိုး​ရာမှာ မြင်​တွေ့​ရတဲ့​ အ​နေအထား​ကို ​ဒေါက်တာမင်း​စိုး​လင်း​က ခုလို ​ပြောပါတယ်။

“အဓိက​တော့​ ကြား​နာမည်တခု ​ပေါင်း​စည်း​ရေး​က သူတို့​ဘက်က ဆုံး​ဖြတ်ပိုင်ခွင့်​ မရှိဘူး​။ ဒါ​ပေမယ့်​ ဆရာ​တော်​တွေက ဆုံး​ဖြတ်ပိုင်ခွင့်​ရှိတယ်။ ကြား​နာမည်ကိုယူတယ်။ သူတို့​ဘက်က ကြား​နာမည်ကို ဆုံး​ဖြတ်ပိုင်ခွင့်​ မရှိတဲ့​အတွက်​ကြောင့်​ စီအီး​စီ အစည်း​အ​ဝေး​မှာ ပြန်ပြီး​တော့​ အဆုံး​အဖြတ် ပြန်ယူမယ်။”

မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ပါတီနှစ်ခု ပူး​ပေါင်း​မှာ ဖြစ်တယ်။ ပါတီမ​ပေါင်း​သေး​ခင် ကာလမှာလည်း​ ပူး​ပေါင်း​ဆောင်ရွက်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။

“နာမည် အခက်အခဲဆိုတာ နာမည်အသစ် ​ရွေး​ကြရ​အောင်ဆို​တော့​ နာမည်ခက်ခဲတာပါ။ ​ဆွေး​နွေး​တုန်း​ပဲ။ ​တွေ့​ဆုံ​ဆွေး​နွေး​ကြ အတူတကွလုပ်ကြ။ ဒါက​တော့​ နာမည်က​တော့​ အ​ရေး​မကြီး​ဘူး​လေ။ ပူး​ပေါင်း​ဖို့​ပဲ အ​ရေး​ကြီး​တယ်။ အ​ကောင်း​ဆုံး​ဖြစ်​အောင် ​ဆွေး​နွေး​နေကြတယ်။”

လွန်ခဲ့​တဲ့​ရက်ပိုင်း​က မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေမှာ ကျင်း​ပတဲ့​ မွန်အမျိုး​သား​ရေး​ရာ အဖွဲ့​ချုပ်ညီလာခံမှာ မွန်ပါတီနှစ်ခုကို တပါတီတည်း​ဖြစ်​အောင် ပူး​ပေါင်း​ဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။

ဖျက်သိမ်း​ခံထား​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ပြည့်​ ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အမတ်​နေရာ ၅ ​နေရာရ​ပေမယ့်​ ဖျက်သိမ်း​ခံခဲ့​ရပါတယ်။ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီက​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ပါတယ်။

ပါတီနှစ်ခု ပူး​ပေါင်း​ဖို့​ အတွက် သူတို့​ပါတီက မနှစ် ဒီဇင်ဘာ ၂၇ ရက် ​နေ့​စွဲနဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီကို ကမ်း​လှမ်း​ခဲ့​တယ်လို့​ ​ဒေါက်တာမင်း​စိုး​လင်း​က ​ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular