A d v e r t i s e m e n t With Us

ဖြူးမြို့တွင် ဆိုင်ကယ်နှစ်စီးတိုက်မိ၊ ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းအပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်-၁၃၉ အနီးမှာ ဧပြီ ၂၈ ရက် ည ၁၁ နာရီလောက်က ဆိုင်ကယ် ၂ စီး တိုက်မိပြီး ၁ ဦး သေဆုံးသွားတယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်အတိုင်း ယာဉ်မောင်းမျိုးမင်းစံ မောင်းနှင်ပြီး မောင်မောင်တာတို့ နှစ်စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ အမည်မသိ/နေရပ်မသိသူတဦး စီးနင်းလာတဲ့ဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ မောင်မောင်တာမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရတွေနဲ့ နေရာမှာပင် သေဆုံးသွားခဲ့ပြီး တဖက်မှ အမည်မသိ ဆိုင်ကယ်မောင်းနှင်သူကတော့ ထွက်ပြေးသွားတယ်လို့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ “ဆိုင်ကယ်နှစ်စီးလုံးက မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို လားရာတူမောင်းလာတာဗျ။ အဲဒီမှာ ကျီးမနိုးရွားနားရောက်တော့ ရှေ့ကဆိုင်ကယ်က ဖြတ်ကွေ့တဲ့သဘောပေါ့။ နောက်ကဆိုင်ကယ်က ဝင်တိုက်တာ။ တယောက်ကတော့နေရာမှာ ပဲသေတယ်။ နောက်ကဆိုင်ကယ်ကလည်း ၁၀ ပေ ခွာပြီးမလိုက်လို့ တိုက်မိတယ်။ အဲဒီတော့ နှစ်ဖက်လုံးကို အမှုဖွင့်ထားပါတယ်။ တယောက်ကတော့ မမိသေးပါဘူး။” လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။ ညောင်ပင်သာ နေယ်မြေ ရဲတပ်ဖွဲ့စခန်းက မျိုးမင်းစံ နဲ့ အမည်မသိ၊ နေရပ်စုံစမ်းဆဲ ယာဉ်မောင်းတို့ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က နဲ့ အမှုဖွင့်အရေးယူဆောင်ရွက် နေပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း )

A d v e r t i s e m e n t With Us

More News
Up