ဒီဂီယာကို ဆုံးရှုံးပါက မန်ယူအသင်း ကြီးမားသည့်ပြဿရင်ဆိုင်ရမည်ဟု ဂယ်ရီနဗီးလ်ပြော

during the Barclays Premier League match between XXX and XXX at Etihad Stadium on March 20, 2016 in Manchester, United Kingdom.
493
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမားဒီဂီယာကို ဆုံးရှုံးရမယ်ဆိုရင် ကြီးမားတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းရဲ့ စပိန်ဂိုးသမားဒီဂီယာကို ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ပြင်ဆင်နေတာပါ။
ဒီဂီယာဟာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မှာ အကောင် ဆုံးလက်စွမ်းပြခဲ့ပြီး သူ့ရဲ့နေရာကို အစားထိုးဖို့ခက်ခဲတယ်လို့ ဂယ်ရီနဗီးလ်ကဆိုပါတယ်။
ဒါ့အပြင် ဒီဂီယာရဲ့ လက်စွမ်းဟာ လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ယူအနေနဲ့ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းဖို့လိုတယ်လို့ ဆိုပါတယ်။
ဒီဂီယာဟာ ချဲလ်ဆီးက ကော့တွိုက်၊ ဘိုင်ယန်မြူးနစ်က နူအာတို့ရဲ့အဆင့်ကို ရောက်ရှိနေပြီး စပါးဂိုးသမားလိုရစ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့လည်း နဗီးလ်ကချီးကျူးပြောကြားခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိ ဂယ်ရီနဗီးလ်ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မန်ယူအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်းပွဲ ၆၀၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။