DVB Logo
Home
စီးပွားရေး
ကန်ထရိုက်တိုက်​ဆောက်မည့်​သူများ​ ကား​ပါကင်လုပ်ရမည်ဖြစ်၍ အခက်ကြုံ
DVB
·
January 25, 2012
ကန်ထရိုက်တိုက်​ဆောက်မည့်​သူများ​ ကား​ပါကင်လုပ်ရမည်ဖြစ်၍ အခက်ကြုံ
Donate to DVB

ရန်ကုန်မြို့​မှာ ကန်ထရိုက်တိုက်​ဆောက်ရင် ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် လုပ်ရမယ်ဆိုတာ​ကြောင့်​ ကန်ထရိုက်​တွေနဲ့​ အိမ်ပိုင်ရှင်​တွေ အခက်တွေ့​နေကြပါတယ်။

အခုနှစ်ဆန်း​ စတင်တဲ့​ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ ​ကော်မတီ၊​ အင်ဂျင်နီယာဌာန အ​ဆောက်အဦရဲ့​ ညွှန်ကြား​ချက်​ကြောင့်​ အခက်ကြုံ​နေကြတာပါ။

ကန်ထရိုက်တိုက် တလုံး​ဆောက်ရင် ​အောက်ဆုံး​ ​မြေညီထပ်ကို ကား​ထား​ဖို့​ ကား​ပါကင် ​ဆောက်ရမယ်လို့​ တိုက်​ဆောက်ဖို့​ ခွင့်​ပြုချက် သွား​တောင်း​ကြရာမှာ ဌာနက ​ပြောလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်စည်ပင် သက်ဆိုင်ရာဌာန တာဝန်ကျဝန်ထမ်း​တဦး​က “သက်ဆိုင်ရာ တရား​ဝင် စာပို့​ဖို့​ ​ရေး​ပြီး​သွား​ပြီ။ အ​သေအချာ သိချင်ရင်​တော့​ ရုံး​ကအရာရှိ​တွေကို ​သေချာလာ​မေး​လိုက်၊​ ကျမတို့​ဖြေရင် မှား​သွား​မှာစိုး​လို့​။”

ရန်ကုန်မှာ ကန်ထရိုက်တိုက်တလုံး​ ​ဆောက်ပြီး​ရင် ​မြေညီထပ်က ​ဈေး​အများ​ဆုံး​ရပြီး​ အိမ်ရှင်နဲ့​ ကန်ထရိုက် နှစ်ဦး​နှစ်ဖက်အတွက် တိုက်ခန်း​ခွဲ​ဝေယူဖို့​ အဆင်​ပြေ​နေကြတာပါ။

ကား​ပါကင် လုပ်ရမယ်ဆိုတဲ့​အတွက် နှစ်ဦး​နှစ်ဖက် အကျိုး​မရှိပုံကို ကန်ထရိုက်တဦး​က ခုလို ​ပြောပြပါတယ်။

“သူက ​မြေညီထပ်ကို ကား​ပါကင်လုပ်လိုက်တဲ့​ အတွက်​ကြောင့်​မို့​လို့​ သိန်း​ ၃၀၀၊​ ၄၀၀ ကို တပြား​မှလည်း​ မရ​တော့​ဘူး​။ အိမ်​တွေလည်း​ မရ​တော့​ဘူး​။ ကား​ပါကင် ဖြစ်သွား​ရော။ အကျိုး​သက်​ရောက်မှုက​တော့​ နံပါတ်တစ် ကား​ပါကင် ဖြစ်သွား​တော့​ အိမ်ရှင်လည်း​ အကျိုး​အမြတ် မရဘူး​။ ကန်ထရိုက်ကလည်း​ အဆင်မ​ပြေ​တော့​ဘူး​။”

ရန်ကုန်မြို့​လယ် ၆ မြို့​နယ်ကလွဲပြီး​ ကျန်တဲ့​မြို့​နယ် အ​တော်များ​များ​မှာ ကန်ထရိုက်တိုက်​တွေ ​ဆောက်လုပ်ပြီး​ ဖြစ်တာ​ကြောင့်​ အခုအချိန်မှ ကား​ပါကင်ထား​ဖို့​ လုပ်လာတာလည်း​ အကျိုး​မရှိဘူး​လို့​ ဆိုပါတယ်။

“အခု ဒီဘက်မှာဖြစ်​နေတဲ့​ ​ကျောက်​မြောင်း​၊​ စမ်း​ချောင်း​၊​ တာ​မွေ၊​ ကြည့်​မြင်တိုင်တို့​ဘက်​တွေမှာ လာကြည့်​မယ်ဆိုရင် လမ်း​တလမ်း​မှာ အိမ်​ခြေ ၅၀ ရှိတယ်ဆိုရင် ဥပမာ အိမ်​ခြေ ၄၅ လုံး​က ကန်ထရိုက်တိုက် ​ဆောက်ပြီး​နေပြီ၊​ ၅ လုံး​လောက်ပဲ ကျန်​တော့​တယ်။ အဲဒီ ၅ လုံး​ကို ကား​ပါကင်လုပ်လိုက်တဲ့​အခါမှာ အကျိုး​သက်​ရောက်မှုက ၅ လုံး​ထဲနဲ့​လည်း​ ဘာဖြစ်မှာလဲ၊​ မထူး​တော့​တဲ့​ပုံစံ ဖြစ်​နေတယ်။ ခုချိန်မှ ဒီအမိန့်​ကို ထထုတ်လိုက်တဲ့​အခါမှာ ဒီကား​ပါကင်ထဲကို ကျန်တဲ့​အိမ်​တွေက​တော့​ အဆင်​ပြေတယ်။ လက်ရှိ​ဆောက်မယ့်​လူက​တော့​ အိမ်က ရှိတာမှ ​လေး​ငါး​လုံး​ ကျန်​တော့​တယ်။ ပိုက်ဆံအဆင်မ​ပြေလို့​ ​ဆောက်ကာမှ ကား​ပါကင်က လုပ်လိုက်တဲ့​ အခါကျ​တော့​ ​နောက်လူခံရတာ​ပေါ့​။”

ကန်ထရိုက်တိုက် တလုံး​မှာ ​မြေညီထပ် နှစ်ခန်း​ပါရှိပြီး​ ကာလ​ပေါက်​ဈေး​က အချက်အချာကျတဲ့​ လမ်း​မတန်း​ ​နေရာမှာ တခန်း​ကို ကျပ်သိန်း​ ၈၀၀ ​လောက်၊​ အတွင်း​လမ်း​ ​နေရာမှာ​တော့​ ကျပ်သိန်း​ ၄၀၀ ​လောက် ​ပေါက်​ဈေး​ ရှိပါတယ်။

ကန်ထရိုက်တိုက် ​ဆောက်ကြရာမှာ့​ ၆ ထပ် အမြင့်​ဆောက်ကြပြီး​ အိမ်ရှင်နဲ့​ ကန်ထရိုက်တို့​ အခန်း​တဝက်စီယူဖို့​ သ​ဘောတူ ​ဆောက်ကြတာ များ​ပါတယ်။

ရန်ကုန်မြို့​မှာ​တော့​ စမ်း​ချောင်း​နဲ့​ ​ကျောက်​မြောင်း​ဘက်က ကန်ထရိုက် တိုက်ခန်း​တွေကို လူကြိုက်များ​ လူ​နေများ​ကြတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013