A d v e r t i s e m e n t With Us

ဖယ်လိုင်နီ အနီကတ်အပြမခံရသင့်ဟု မန်ယူနည်းပြ ပြော

မန်စီးတီးတိုက်စစ်မှူး အဂွေရိုဟာ နှာခေါင်းမကျိုးခဲ့သလို ခေါင်းလည်းမကွဲခဲ့တာကြောင့် ဖယ်လိုင်နီအနေနဲ့ အနီကတ်အပြမခံရသင့်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ "အဂွေရိုကို လိုဏ်ခေါင်းထဲမှာတွေ့ပါတယ်။ နှာခေါင်းလည်းမကျိုးသလို ခေါင်းလည်းမကွဲပါဘူး။ နောက်ပြီးတော့ အဂွေရိုနေရာမှာ တခြားကစားသမားဆို ခုလိုမဖြစ်ပါဘူး။ အဂွေရိုဟာ ပါးနပ်ပြီးတော့ သူ့ရဲ့အပြုအမူကြောင့် အနီကတ်ပြခံရတာဖြစ်တယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။ မနေ့ညက ကစားတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ ပွဲကစားချိန် ၈၄ မိနစ်မှာ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီက မန်စီးတီးတိုက်စစ်မှူး အဂွေရိုကို ခေါင်းနဲ့တိုက်လိုက်တာကြောင့် အနီကတ်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူတို့အသင်းဟာ တပွဲလုံး အသာစီးရပြီး ကစားနိုင်ခဲ့ပေမယ့် သရေရလဒ်တော့ မလိုချင်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ အဆင့် ၄ နေရာက မန်စီးတီးအသင်းအနေနဲ့ မစ်ဒယ်ဘရော့၊ ပဲလေ့စ်၊ လက်စတာ၊ ဝက်စ်ဘရွန်း၊ ဝတ်ဖို့ဒ်အသင်းတွေနဲ့ကစားဖို့ ကျန်ရှိနေပြီး မန်ယူအသင်းနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။

A d v e r t i s e m e n t With Us

More News
Up