မိတ္ထီလာတွင် စိတ်ကြွဆေးပြား ၉၀၀ ခန့် ဖမ်းမိ
DVB
·
April 28, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ဧပြီ ၂၇ ရ က်ညနေ ၆ နာရီလောက်က စိတ်ကြွဆေးပြား ၈၇၀ ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။
“ကျီတော်ကုန်းရပ် မြရတနာလမ်းအတွင်း ဆိုင်ကယ်စီးလာတဲ့ ဇော်မျိုးသူ(ခေါ်) မျိုးသူကို ရှာဖွေရာ ငွေ ၁၀၂၅၀၀ နဲ့ စီးကရက်ဗူးထဲမှာ ၈၈/၁ စာတန်းပါ ဆေးပြား ၂၇၀ နဲ့ ဆိုင်ကယ်ထိုင်ခုံအောက်မှာ ထည့်ထားတဲ့ ဆေးပြား ၆၀၀ တို့ကို ဖမ်းမိတယ်”လို့ ခရိုင်ဒုစရိုက် နှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။
မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းက ဇော်မျိုးသူ (ခေါ်) မျိုးသူကို ရာဇသတ်ကြီး ပုဒ်မ-၁၅/၁၆/၁၉-က/၂၀-က တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)