A d v e r t i s e m e n t With Us

ရေပူတွင်​ တရားမ၀င် ပိ​တောက်​သစ်​တင် ၁၂ ဘီးကား ၅ စီး ထပ်​မံဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး လားရှိုး-သိန္နီကြားရှိ ရေပူစစ်ဆေးရေးစခန်းမှာ တရားမ၀င် ပိတောက်သစ်တွေ တင်လာတဲ့ ၁၂ ဘီးကား ၅ စီးကို ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီကျော်က ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ အကောက်ခွန်ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “မနေ့ညက သတင်းရထားတဲ့ ၅ စီးကို ခုမိလိုက်ပြီ။ မနေ့ည ၂ စီးက သက်သက်၊ ခု ၅ စီး ထပ်မိတယ်။ သတင်းရတာက မနေ့ညကတည်းက သတင်းရတာ။ အဲဒါ မိအောင်လို့ လိုက်ပက်မွှေနှောက်နေပြီး မိတာ။ မိတာက ဒီရေပူ မရောက်ခင် ၁၉၂ မိုင်လောက်မှ မိတာ။ ဒီမှာနဲ့ ၇ မိုင်လောက် ဝေးတယ်။ သတင်းရလို့ လိုက်ကြည့်တာကို အဲဒီကားတွေက ကိုယ်တို့ရှေ့မှာပဲ နောက်ပြန်လှည့်သွားတာ။ အဲဒါကို အကုန်လိုက်ဖမ်းလိုက်တယ်” လို့ ပြောပါတယ်။ “အကြောင်းအရင်းရှိလို့ ရေပူကို ခဏပိတ်ထားတာ။ အဲဒါကို သူတို့ သတင်းပေးတွေ သတင်းပေးလိုက်လို့ ချက်ချင်းပြန်လှည့်သွားတာ။ ခု ကားတွေကို ရေပူဂိတ်မှာပဲ ဖွင့်ပြီး စစ်နေတယ်။ ဒီကားတွေကတော့ သစ်အပြည့်ပဲ။ ဒီ ၅ စီးကတော့ တဖွဲ့တည်းပဲ” လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ကားပိုင်ရှင် ၅ ဦးကို သိန္နီရဲစခန်းမှာ လက်ရှိ အပ်နှံပြီး အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သစ်ကား ၆ စီး တက်လာတာကို သတင်းရထားတာကြောင့် လိုက်လံဖမ်းဆီးနေတယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။ သတင်း - နိုင်နိုင်

A d v e r t i s e m e n t With Us

More News
Up