Home
ရုပျသံ
အောင်မြင်တဲ့ အနုပညာရှင်ဖို့ ဘဝအစိတ်အပိုင်းတချို့ ပေးဆပ်ခဲ့ရတဲ့ ဂီတဗေဒပါရဂူ (ရုပ်သံ)
DVB
·
April 29, 2017
"အပြင်ကို ထွက်လိုက်တဲ့အခါကျတော့ ကိုယ့်နိုင်ငံရဲ့ဂီတ ပိုပြီး ချစ်စရာကောင်းတာကို သွားတွေ့တယ်။ ကမ္ဘာတလွှားမှာရှိနေတဲ့ ဂီတတွေကလည်း ခမ်းနားပါတယ်။ ဒါပေမယ့် မြန်မာသီချင်းတွေလောက် အမ မချစ်ဘူး။" သူကတော့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ဂီတပညာဌာနက ဒေါက်တာ စုဇာဇာဌေးရီ။ မြန်မာနိုင်ငံမှာ တယောက်တည်းရှိတဲ့ ဂီတဗေဒပါရဂူ။ ဒီဘွဲ့ကို သူ ၂၀၁၅ ခုနှစ်မှာ ဂျပန်မှာ ရခဲ့တာပါ။ "ကမ္ဘာတလွှားမှာရှိတဲ့ ဂီတတွေ အတော်များများကို ဂျပန်နိုင်ငံမှာ လေ့လာလို့ရတယ်။ ဒါပေမယ့် မြန်မာ့ဂီတကို သိတဲ့လူက နည်းတယ်။ ကိုယ်တွေအတွက်က ရိုးနေတဲ့ ကိစ္စတွေက အပြင်မှာ တအားဆန်းပြားနေတာကို သိလာတယ်။ နောက်တခုက အဆင့်အတန်းပေါ့။ အဆင့်အတန်းလို့ ဆိုလိုတဲ့နေရာမှာ အမပြောတာ ဒီ ဂီတရဲ့ ကွာလတီကို ပြောတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာရှိသော ပြည်သူတွေထဲမှာ ဂီတရဲ့ ပျံ့နှံ့မှု ကွာလတီကိုပြောတာ။ အမတို့ဂီတကို ပြည်သူတွေကလက်ခံတဲ့ ခံစားချက်က တအားနည်းသေးတယ်လို့ အမက အဲဒါမြင်လာတယ်။" အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ အေးမိစံ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024